Chapter - 3

3.3K 211 0
                                    

[Unicode]

အခန်း ၃။

ဝမ်းလိ၏ ရှက်ရွံ့မှုနှင့် သတ်ဖြတ်လိုသည့် အသွင်အပြင်ကို မြင်လိုက်ရသောအခါ စုန့်ယန်သည် သူ့အတွေးကို ရုတ်သိမ်းလိုက်ပြီး သူမကို ထပ်မနှောင့်ယှက်တော့ပေ။

စုံတွဲသည် အိပ်ရာတစ်ဝက်စီကို နေရာယူကာ ဖုန်းကြည့်နေကြ၏။ ဝမ်းလိက သူမသည် အမှန်တကယ်ပင် မရည်ရွယ်ဘဲမှားသွားသည်ဖြစ်ကြောင်း ရှင်းပြချင်သော်လည်း သူမပိုရှင်းပြလေလေ သူမ၏ အပြစ်ပိုလာလေလေဖြစ်ကြောင်း နားလည်လိုက်၏။

ဤအခိုက်အတန့်တွင် ပါးစပ်ပိတ်နေလိုက်ခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုသာ ဖြစ်လိမ့်မည်ပင်။

သူမသည် Cp ပရိသတ်စာမျက်နှာကို ဆက်မကြည့်ဝံ့တော့ဘဲ ဝေ့ပေါ်ထဲမှ လုံးဝထွက်လိုက်တော့၏။

ရုတ်တရက် စုန့်ယန်က သူမကို ယဉ်ကျေးစွာပြောလာ၏ "ဝမ်းလောင်ရှီး"

လက်ထပ်ပြီးနှစ်နှစ်ကြာပြီးသည့်တိုင် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှု မပြခဲ့ကြပေ။ "လောင်ရှီး" ဟူ၍သာ အချင်းချင်း ခေါ်ဆိုနေကြဆဲ။ ဒီလို ချစ်ခင်မှုမပြခြင်းသည် သူတို့ကြား သဘောတူညီမှုစာချုပ်ရှိနေပြီး ကိုယ်ပိုင်အချိန်တွေမှာတောင် ရင်းနှီးမှုမရှိသည်ကို အတည်ပြုသလိုဖြစ်သည်ဟု လူအချို့က တွေးကြသလို တစ်ချိန်တည်းမှာပင် ယဉ်ကျေးပြီး ရင်းရင်းနှီးနှီးရှိသည့် အသွင်အပြင်သည် ထူးခြားသည့်ဆွဲဆောင်မှုတစ်ခုဟု အခြားသူများက ထင်မြင်ကြ၏။

"ဘာကိစ္စရှိလို့လဲ စုန့်လောင်ရှီး"

"ကိုယ်တို့ လောလောဆယ် ကွာရှင်းတဲ့ကိစ္စကို ရွှေ့ထားလိုက်မလား"

ဝမ်းလိက သူ့ကိုကြည့်ရင်း နှလုံးခုန်မြန်လာကာ "ရှင် ဘာလုပ်ချင်တာ?"

စုန့်ယန်က ပြုံးလိုက်ပြီး "ဘယ်သူက ပိုက်ဆံ မလိုချင်မှာလဲ"

ဝမ်းလိသည် အတွင်းစိတ်တွင် ရွှင်မြူးစပြုလာသော်လည်း သူမမျက်နှာပေါ်တွင်တော့ ငြိမ်သက်နေပြီး နားလည်သဘောပေါက်သည့်ဟန်ဖြင့် ခေါင်းညိတ်ကာ “တကယ်တော့ သဘောတူညီချက်မူကြမ်းက ပဏာမပုံစံလုပ်ထားတာပဲ ရှိသေးတာပါ ရှင်က ရွေ့ဆိုင်းဖို့ ပြောတော့လည်း ဖြည်းဖြည်းပဲ သွားတာပေါ့"

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now