Chapter - 79

1.2K 112 6
                                    

[Unicode]

အပိုင်း ၇၉။

သူမ၏မန်နေဂျာလုဒန်သည် ယောက်ျားများကို မစဉ်းစားဘဲ သူမ့အနုပညာရှင်များ၏ အရေးကိစ္စများအတွက် နေ့တိုင်းပြေးလွှားရင်း တစ်ကိုယ်တည်းဖြစ်နေသည်မှာ ကြာချေပြီ။

ဝမ်းလိက သူမကို ဤသို့မေးသောအခါ သူမ အံ့အားသင့်သွားမိသည်။

"နင့်ရဲ့မွေးနေ့မှာ စပရိုက်စ်တွေရဖို့ မျှော်လင့်တဲ့ အရိပ်အမြွက်လေးဖြစ်ဖြစ် Moments တင်လိုက်ပါ့လား၊ အဲ့လိုဆိုရင်ရော?"

ဝမ်းလိက နားလည်သဘောပေါက်သွားပြီး Moments မှာတင်ဖို့ သူမ့ဖုန်းကို ချက်ချင်းထုတ်လိုက်၏။

မိနစ်အနည်းငယ်အတွင်းမှာပဲ သူမဟာ Like နှင့် Comments အများအပြားကို ရရှိလာလေသည်။

မှတ်ချက်များထဲတွင် နယ်ပယ်ထဲရှိ သူငယ်ချင်းများနှင့် ရင်းနှီးသည့် ထုတ်လုပ်သူအနည်းငယ် ပါသော်လည်း စုန့်ယန်ထံမှ လိုက်ခ်ပေးခြင်းလည်းမရှိသလို မှတ်ချက်ပေးခြင်းလည်း မရှိခဲ့ပေ။

လုဒန်က "စုန့်လောင်ရှီးက အလုပ်ရှုပ်နေပုံပဲ"

"ကျွန်မလည်း အဲ့လိုထင်တယ်"

လုဒန်က သူမကို စိတ်သက်သာစေဖို့ပြောလိုက်ရုံဟု ဝမ်းလိမတွေးမိပေ။ စုန့်ယန်သည် အမှန်တကယ် အလုပ်များနေပါသည်။

[ကမ္ဘာကြီးမှာမင်းနှင့်အတူ] အပိုင်းကိုး၏ ဒုတိယမြောက်နေ့ကို ရိုက်ကူးပြီးနောက်တစ်ရက်တွင် စုန့်ယန်သည် အနားယူခြင်းမရှိဘဲ ပင်းမြို့သို့ အမြန်ပြေးသွားခဲ့သည်။ ဝမ်းလိသည် သူနှင့်အတူလိုက်ရန် စီစဉ်ခဲ့သော်လည်း ဂိမ်းထောက်ခံချက်အတွက် တရားဝင်ကြေညာချက်ကို နှောင့်နှေးနေလို့မရတော့ပေ။ ထောက်ခံချက်အတွက် ဓာတ်ပုံရိုက်ခြင်းနှင့် ပရိုမိုးရှင်းဗီဒီယိုရိုက်ကူးခြင်းကို လတ်တလော စီစဉ်ထားသည်။ သူမ၏လက်ရှိအလုပ်ကို အရင်ပြီးအောင်လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

သူမက ဒါရိုက်တာချိုးကို ဒီအတွက် တောင်းပန်ခဲ့ပြီး ဒါရိုက်တာချိုးကလည်း စိတ်ထဲမထားခဲ့ပေ။ သူက ရိုက်ကူးရေးမစရသေးကြောင်းနှင့် ဒီခရီးစဉ်က မြို့ကို ကြိုပြီးခံစားကြည့်ဖို့ သက်သက်ဖြစ်ကြောင်း ရှင်းပြခဲ့၏။ ဇာတ်ညွှန်းပါအစီအစဥ်များကြောင့် သူတို့သည် အထူးနေရာများစွာကို အသုံးပြုဖို့ လိုအပ်သောကြောင့် ဒေသဆိုင်ရာအစိုးရနှင့် ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့ရသည်။ ဒီခရီးစဉ်က သရုပ်ဆောင်တွေအတွက် မဖြစ်မနေလုပ်ရတာမျိုး မဟုတ်ပေ။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now