Chapter - 23

1.6K 164 1
                                    

[Unicode]

အပိုင်း ၂၃။

အပျော်ရှာဖို့အတွက် ဤအကြောင်းပြချက်သည် ဝမ်းလိမမျှော်လင့်ထားသည့်အရာပင်။

သူမသည် သူက ဇာတ်​ကောင်ထဲတွင် နစ်မြုပ်နေသေးသလား၊ ဇာတ်​ကောင်ထဲမှ ထွက်သွားပြီးလားဆိုတာ သေချာမပြောနိုင်ပေ။ 'မ​သေမျိုး' က 'နှင်း​မြွေပါကတိုးဖြူလေး' ကို စကားပြောနေသည်လား၊ ဒါမှမဟုတ် စုန့်ယန်က ဝမ်းလိကို ပြောနေသည်လား?။

သို့သော် အခြေအနေ မည်သို့ပင်ရှိစေကာမူ သူသည် အလုပ်လုပ်နေချိန်၌ပင် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းမှုကင်းမဲ့​နေကြောင်း ပြသနေသည်ပင်။

ဝမ်းလိ အနည်းငယ် စိတ်ဆိုးသွား၏။

"ရှင်က ရိုက်ကွင်းမှာလည်း ဒီလိုမျိုး ရုတ်တရက် ပြုမူတာဘဲလား?"

သူသည် သူမ၏ လက်ကို အနည်းငယ် ဖြေလျှော့​ပေးလိုက်သည်။

သူသည် သူမကို ကုတင်ပေါ်တွင် တစ်ဝက်ထိုင်ရလောက်​အောင် တွန်းလိုက်စဥ်တွင် သူမသည် လှဲလျောင်းရန် ငြင်းဆိုလိုက်ပြီး စုန့်ယန်၏ ဖိအားကို ခံနိုင်ရည်ရှိစေရန် တံတောင်ဆစ်ဖြင့် တွန်းထားလိုက်သည်။

သူ၏ အရင်က မငြိမ်မသက်ဖြစ်နေသည့် အသံက ရုတ်တရက် ပိုကြည်လင်လာပြီး မသိလိုက်ဘဲ ရှင်းပြလာ၏ "ဒီလိုဇာတ်ညွှန်းမျိုး ကိုယ် တစ်ခါမှ သရုပ်မ​ဆောင်ဖူးဘူး"

ကြီးလေးတဲ့ ဇာတ်ကွက် ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိ​ပေ။ ဇာတ်ကွက်တစ်ခုစီတိုင်းသည် အဓိက စုံတွဲများအကြောင်းသာဖြစ်ပြီး နှင်း​မြွေပါကတိုးဖြူလေးသည် ယောက်ျားတစ်​ယောက်ကိုပင် တစ်ခါမှမမြင်ဖူးသကဲ့သို့ အဓိကဇာတ်​ကောင်​ပေါ်တွင် တွယ်ကပ်နေတတ်ကာ ချစ်စရာ​ကောင်းသည့် အမူအရာလုပ်ပြနေပြီး ချစ်ဖို့​ကောင်းလှ​ပေသည်။ အမျိုးသားဇာတ်​ဆောင်၏ မျက်လုံးများသည် မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေသည်။

အခုလည်း သူမရှေ့ကလူကို ကြည့်လိုက်ပါ။

သူသည် သူမ သရုပ်ဆောင်ခဲ့ဖူးသည့် ဒရာမာများကို ပြန်လည်ရိုက်ကူးရန် တွန့်ဆုတ်နေပုံရသည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now