Chapter - 30

1.6K 149 1
                                    

[Unicode]

အပိုင်း ၃၀။

တကယ်တော့ လွန်ခဲ့သည့်နှစ်နှစ်က လုမင်နှင့် ကျန်းရွှယ်၏ဆက်ဆံရေးတွင် ဝမ်းလိ ပါဝင်ပတ်သက်သည်ဟု ခိုင်မာသောသက်​သေအထောက်အထားမရှိခဲ့​ပေ။ ဒီနယ်ပယ်အသေးစားထဲမှ စိတ်ဝင်စားစရာ အကြောင်းများသာ။ တစ်ဖက်နှင့်တစ်ဖက် ပွင့်ပွင့်လင်းလင်း ခွဲခွာခဲ့ကြသည့် အနုပညာရှင်တွေဟာ ဘယ်သူက သားကောင်ဖြစ်​နေပါ​စေ ကြည့်ရှုသူတွေကတော့ အမြဲလိုလို ထိုသို့​သော ကိစ္စများကို ကြည့်ရတာကို နှစ်သက်ကြပြီး နှစ်ဖက်စလုံး နာကျင်ရသည့် ပိုပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်လာဖို့ မျှော်လင့်ကြ​ပေသည်။

ထို့ကြောင့် လွန်ခဲ့​သောနှစ်နှစ်က ကျန်းရွှယ်သည် လုမင်နှင့် ရပ်တည်ခဲ့သော်လည်း ဝမ်းလိသည် တတိယလူဖြစ်ကြောင်း လူသိရှင်ကြားတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ ထိုအစား သူမသည် ဝမ်းလိက တတိယလူဟု လူအများကို ယုံကြည်စေရန် ရှုပ်ထွေးသောစကားများနှင့် အရိပ်အမြွတ်ပြသည့်အပြုအမူများကို ပြုလုပ်ခဲ့​ပေသည်။

ဤသည်မှာ အနုပညာရှင်များအသုံးပြုလေ့ရှိသော PR နည်းဗျူဟာပင်။ အကယ်၍ သူတို့သည် ပုဂ္ဂိုလ်ရေးအရ ထုတ်ဖော်ပြောဆိုပါက သူတို့အား လူထုပုံရိပ်ကို ပျက်စီးစေမည့် ကောလာဟလများ ဖြန့်ဝေသည်ဟု စွပ်စွဲခံရနိုင်​ပေသည်။ သို့သော် “ဖြောင့်မတ်သော ဘေးလူများ” ဟုခေါ်သူများနှင့် ပရိသတ်များကို ကောလာဟလများ ဖြန့်​စေကာ အခြားတစ်ဖက်ကို ဆဲဆိုရန် လမ်းပြခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင်းငဲ့ခြင်းတို့ဖြင့် သူတို့အား လက်နက်အဖြစ် အသုံးပြုကြ၏။ ထို့သို့ဖြင့် အဆုံးတွင် သူတို့သည် သန့်ရှင်းပြီး အပြစ်ကင်းသည့်ပုံပေါက်ကာ ဖြူစင်မှုကို ထိန်းသိမ်းထားနိုင်​ပေသည်။

ယခု ကျန်းရွှယ်သည် လုမင်အား ​ဖောက်ပြန်သူဟု ကိုယ်တိုင်ကိုယ်ကျ စွပ်စွဲခဲ့ပြီး ထိုသည် ယခင်က ဝမ်းလိက တတိယလူဖြစ်ခြင်းနှင့်ပတ်သက်၍ သူမ၏ လိမ်ညာပြောဆိုမှုများထက် များစွာယုံကြည်နိုင်ဖွယ်ရှိ​၏။ သက်​သေအထောက်အထားတွေရှိသွားပြီး အခုတော့ လွန်ခဲ့သည့်တစ်နာရီက လုမင်၏ တုံ့ပြန်ပြောဆိုချက်ဟာ ဟာသတစ်ခုလို ဖြစ်သွား​ချေပြီ။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Hikayelerin yaşadığı yer. Şimdi keşfedin