Chapter - 69

1.1K 120 1
                                    

[Unicode]

အပိုင်း ၆၉။

စုန့်ယန်၏အသံသည် အလွန်တိုးနေပြီး သူမ တံခါးပေါက်က​နေ သဲသဲကွဲကွဲမကြားရသောကြောင့် ဝမ်းလိအား သူဘာပြောခဲ့သည်ကို သူမမသိပေ။ ဝမ်းလိက သူ့ကို တန်းငြင်းဆိုသည်ကိုသာ ကြားလိုက်ရ၏ "ထွက်သွား! ကျွန်မ အဲဒီလိုမျိုး မလုပ်နိုင်ဘူး"

သူသည် ဒေါသလုံးဝမထွက်ဘဲ ရယ်လာ​တော့သည်။

"ဝမ်ဝမ်၊ ဒါရိုက်တာချိုးကို မြန်မြန်သွားတိုင်ချည်၊ စုန့်​လောင်ရှီးက ဒီဝတ်စုံတွေကို ယူသွားချင်​နေတယ်လို့ပြောလိုက်" ဝမ်းလိက လှောင်ပြောင်ပြီး "အခုသွား"

ထို့နောက် အဝတ်လဲခန်းတံခါးက အတွင်းမှပွင့်လာပြီး ဝမ်းလိ၏လက်ထောက်သည် ထန်ကျားရန်ကို တိုက်မိလုနီးပါးဖြစ်သွားသည်။

"ဟင်?" ဝမ်ဝမ်က သူမရှေ့ကလူကို မှတ်မိပြီး "ထန်​လောင်ရှီး၊ ဘာလို့ပြန်လာတာလဲ?"

ထန်ကျားရန်က သူမပါးစပ်ကိုဖွင့်ပြီး "ဝမ်းလိကို ဂုဏ်ပြုဖို့ လာခဲ့တာ"

ဝမ်ဝမ်က မျက်တောင်ခတ်ပြီး အနည်းငယ်အံ့သြသွားသော်လည်း အခန်းထဲရှိ ဝမ်းလိဘက်သို့ လှည့်ကာ "အစ်မ၊ ထန်​လောင်ရှီးက အစ်မကို ရှာနေတယ်"

ဝမ်းလိသည် ဆံပင်အသုံးအဆောင်များကို ချွတ်ထားပြီးဖြစ်သည်။ သူမ လည်ပင်းကို ရှေ့သို့ အနည်းငယ်စောင်းကာ တံခါးကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။ သူမ၏တောက်ပြောင်​နေသည့် တွန့်ကောက်နေသော ဆံပင်နက်များက သူမ၏ပခုံး​ပေါ်သို့ ကျသွားကာ ဖြူ​ဖွေး​သော အသားအ​ရေ၊ နူတ်ခမ်းရဲရဲ​လေးနှင့် သူမ၏မျက်နှာအား သေးသွား​စေသည်။ သူမသည် အခု​လေးတင် စုန့်ယန်ကို ကြိမ်းမောင်းထားသောကြောင့် သူမ၏မျက်ခုံးများသည် ကြုတ်​နေ​သေးပြီး ပြင်းထန်သော ညုတုတုခံစားချက်ကို ပြသနေပါသည်။

ထန်ကျားရန်သာ ယောက်ျားတစ်​ယောက်ဖြစ်ခဲ့လျှင် သူမသည် ယခုအခိုက်အတန့်တွင် အံ့အားသင့်သွားပေလိမ့်မည်။

ဝမ်းလိက သူမကို တစ်ချက်ကြည့်လိုက်ပြီး စုန့်ယန်ကို အလိုလိုကြည့်လိုက်မိသည်။ ထိုလူက သူမ၏အကြည့်ကို တုံ့ပြန်ကာ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ပရိုဖိုင်မျက်နှာကို သူမဘက်သို့ အမြန်လှည့်လိုက်သည်။ သူသည် မူလက ဝမ်းလိနှင့် စကားပြောနေသော်လည်း တစ်စုံတစ်ယောက် ဝင်လာသောအခါ တိတ်ဆိတ်သွားသည်။ သူသည် ပျင်းရိစွာ ကုလားထိုင်နောက်ကိုမှီပြီး အချိန်ကုန်မြန်ဖို့ သူ့ဖုန်းကို ထုတ်လိုက်၏။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Hikayelerin yaşadığı yer. Şimdi keşfedin