Chapter - 34

1.5K 148 3
                                    

[Unicode]

အပိုင်း ၃၄။

ထောက်လှမ်းရေးကင်မရာများ မရှိသည့် အထပ်မြင့် အဆောက်အအုံ၏ လသာဆောင်တွင် နေ့ခင်းဘက် ပူပြင်းသော အပူရှိန်နှင့် သူတို့၏ ပူလောင်နေသော နှုတ်ခမ်းများ၏ အပူချိန်သည် သူတို့၏ ခေါင်းများကို မူး​နောက်သွားစေသည်။

ထိုအမျိုးသားက အကြောင်းပြချက်မရှိဘဲ နမ်းလာသည်။ လွန်ခဲ့သည့်တစ်စက္ကန့်ကပင် ဝမ်းလိသည် ဒေါသထွက်ကာ တုန်လှုပ်နေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ထို့နောက်တွင် သူ၏ ရုတ်တရက်လုပ်ရပ်ကြောင့် သူမ အံ့အားသင့်မိသွား၏။ သူမ အာရုံပြန်ရလာသောအခါ သူမသည် သူ့ရင်ဘတ်ကို ဖိထားပြီး သူ့ခြေဖဝါးပေါ်ရပ်​နေကာ ခါးမှာ အားပြင်းပြင်းဖြင့် မြှောက်ခံထားရပြီး သူမ့ပါးစပ်ထဲသို့ လေပြင်းများ တွန်းဝင်လာသည်ကို သိလိုက်ရသည်။

ထို့နောက်တွင်တော့ စိတ်မငြိမ်မသက်မှုများ ချက်ချင်းပင် အရည်ပျော်သွားကာ သူမ၏ နားထဲသို့ သူ၏အသက်ရှူသံနိမ့်နိမ့်က အစားထိုးဝင်​ရောက်လာသည်။ သူတို့၏ နှုတ်ခမ်းများနှင့် သွားများ၏ ပွတ်တိုက်မှုနှင့်အတူ အနမ်းသည် တဖြည်းဖြည်း စိုစွတ်လာသည်။ ဝမ်းလိသည် သူ့မေးစေ့ကို တွန်းရန် ကြိုးစားလိုက်သော်လည်း သူမ၏လက်ချောင်းထိပ်များသည် ပြင်းထန်​သောအနမ်းကြောင့် တင်း​​နေ​သော သူ၏ချွန်ထက်ပြီး ပိန်သော မေးရိုးများကိုသာ ထိတွေ့လိုက်ရသည်။ အနုပညာရှင်တစ်ယောက်၏ ဗီဇအ​နေနဲ့ သူမသည် သူ့​မေးရိုးကို ဒီ​ရှု​​ထောင့်က​နေ ကင်မရာနှင့် ရိုက်မည်ဆိုလျှင် ဘယ်​​လောက်​​တောင် ဆက်ဆီကျ​နေလိုက်မလဲဆိုတာ မြန်မြန်ဆန်ဆန်ပင် ​မြင်​ယောင်လာ​စေသည်။

နေရောင်အောက်တွင် ပြင်းထန်သော အနမ်းက ပိုပြီးပူ​လောင်လာသည်။ ကြည်လင်သော ကောင်းကင်ယံမှကြည့်လျှင် အတန်းလိုက်ရှိ​နေ​သော အဆောက်အဦးအားလုံးသည် မြင့်ပြီး အေးစက်ပုံရ​နေချိန်တွင် ကားဟွန်းသံများနှင့် အမျိုးမျိုးသော ဆူညံသံများကလည်း လေထုကို ထိုးဖောက်ဝင်ရောက်လာ၏။ ကျယ်ဝန်းသော လသာဆောင်မှာ ဤပျင်းရိစရာ နေ့လည်ခင်းတွင် ခန္ဓာကိုယ်နှစ်ခုသည် အသက်ရှူသံများ ဖလှယ်ရင်း တရင်းတနှီး ရောယှက်လျက်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Onde histórias criam vida. Descubra agora