Chapter - 86

1.2K 113 14
                                    

[Unicode]

အပိုင်း ၈၆။

ဝမ်းလိသည် ဒီနေ့ ပျော်နေမိသည်။

တကယ်တော့ ဂိမ်းကုမ္ပဏီနှင့် သူမ့အဖွဲ့၏ ဂရုတစိုက်စီစဉ်မှုအောက်မှာ ပွဲရှိလူတိုင်းက သူမအတွက် မွေးနေ့သီချင်းကို သီဆိုပေးခဲ့ကြ၏။ သူမ့မွေးနေ့က ပြည့်စုံနေပြီလို့ သူမတွေးမိပါ၏။

သို့သော် စုန့်ယန်ပေါ်လာချိန်မှာတော့ အရာအားလုံးပြောင်းလဲသွားတော့သည်။ သူမသည် ဟန်ဆောင်ချင်သော်တောင်မှ သူမ၏ရင်ထဲမှစိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။

ကားက ဟိုတယ်ရပ်နားရာကို ရောက်သည်နှင့် သူမသည် ယာဉ်မောင်းနှင့်လက်ထောက်ကို အရင်ဆုံးသွားခိုင်းလိုက်ပြီး တွေဝေနေသေးသည့် စုန့်ယန်ပေါ် ခုန်တက်လိုက်သည်။

အများအားဖြင့် တက်ကြွမှုမရှိသော ဝမ်းလိသည် ရုတ်တရက် စိတ်အားထက်သန်လာတော့ သူသည် အကာအကွယ်မဲ့သွားသည်။

ရုတ်တရက် တိုက်ခိုက်ခံရသော အမျိုးသားသည် စက္ကန့်အနည်းငယ်မျှ ထိတ်လန့်သွားပြီး လျှင်မြန်စွာ ပြန်တုံ့ပြန်လိုက်သည်။ သူမဆီကအနမ်းခံနေရသော နှုတ်ခမ်းထောင့်ကို အနည်းငယ်မြှောက်လိုက်ပြီး နူးညံ့စွာရယ်မောလိုက်၏။ သူ့နှုတ်ခမ်းကိုဖွင့်ရင်း နှုတ်ခမ်းတွေအချင်းချင်း ပွတ်သပ်နေတာကို ရပ်လိုက်ပြီး သူမ့အား ရဲရဲတင်းတင်းဝင်လာကစားဖို့ အချက်ပြလိုက်သည်။

သူမသည် သူ့ကို ပိုင်စိုးပိုင်နင်းနမ်းလိုက်ပြီး သူမ့နှုတ်ခမ်းကို သူ့လည်ပင်းတွင် တင်းတင်းကြပ်ကြပ် ဖိကာ သူ၏ပါးစပ်အနှံ့ကို သူမ၏နှုတ်ခမ်းနီဖြင့် သုတ်လိုက်သည်။ သူမ၏တစ်ကိုယ်လုံးသည် သူ့ဆီသို့မှီလျက်၊ စုန့်ယန်သည် ထိုင်ခုံ နောက်သို့သာ မှီထားပြီး လက်တစ်ဖက်က သူမ့ပေါင်ကိုကိုင်ထားကာ ဟန်ချက်ထိန်းရန် တစ်ဖက်က သူမ၏ခါးကိုဆုပ်ကိုင်ထားသည်။

သူတို့နှစ်ယောက် ကားထဲမှာ ငြိမ်ငြိမ်လေးနမ်းနေကြပြီး ပါးစပ်ဖွင့်ပြီး မမောမပန်းနိုင်ဘဲ လျှာအချင်းချင်းထိကာ ထပ်တလဲလဲ နမ်းနေကြ၏။ မေးရိုးတွေကိုက်ခဲလာတော့မှသာ နူးနူးညံ့ညံ့နမ်းလာကြသည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now