Part-2

2.2K 63 0
                                    

🏡Uni

"အမေ့... သား ရေဆွဲပေးခဲ့တယ်နော်။အမေ
အကြော်သိမ်းတဲ့အချိန် ရေချိုးလို့ရအောင်လို့။"

ခါးအောက်ပိုင်းရှိ ပုဆိုးမှာ ရေစိုလို့နေပြီး ချွေးစို့နေတဲ့သားလုပ်သူကိုလှည့်ကြည့်ကာ
ဆယ်လက်စဘူးသီးကြော်များကို ဗန်းထဲထည့်လိုက်ပြီး....

"အေးပါ။အမေ့သားရယ်...အမေဘာသာ
သွားခပ်ပြီး ချိုးလည်း ရပါတယ်။ငါ့ သားလေးကျောင်းနောက်ကျနေပါဦးမယ်။"

"နောက်မကျသေးပါဘူး အမေရဲ့။အချိန်ရပါသေးတယ်။ပုံမှန်လည်း အမေ့ကိုကူပြီးမှသွားတာပဲကို..."

"အေးအေး"

ဒေါ်ချိုဇင်သည် ခင်ပွန်းသည် ဆုံးသွားပြီးကတည်းက မုဆိုးမဘဝနှင့် သားလုပ်သူကို
ရုန်းကန်ကျွေးမွေးပြီး ကျောင်းထားခဲ့၏။
မအေပင်ပန်းနေတာကိုမြင်တိုင်း ကျောင်းထွက်ပြီး အလုပ်လုပ်ပါရစေ ခွင့်တောင်းတတ်တဲ့သားကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။

မနက်ဆို ၆ နာရီမှ ၁၀၊ညနေဆို ၃ နာရီမှ ၅နာရီထိ အကြော်ရောင်းပြီး ဆယ်တန်းတက်နေသော သား၏ ကျောင်းစရိတ် နှင့် စားဝတ်နေရေးကိုရှာဖွေရသည်။

အစကတော့ ဗန်းရွက်လေးနှင့် နေပူမိုးရွာမ
ရှောင်လိုက်ရောင်းပေမယ့် အသက်ရလာသည်နှင့်အမျှ သိပ်မလျှောက်နိုင်တော့ ။နောက်မှ သား ရဲ့ ဆန္ဒအရ အိမ်ရှေ့မှာသာ အမိုးလေးနှင့် အကြော်တဲပုံစံလေးဖွင့်၍ ရောင်းခဲ့သည်မှာ အခုချိန်ထိပင်။

အိမ်ဆိုသည်မှာလည်း ဝါးခင်း၊ထရံကာ၊သွပ်မိုးအိမ် လေးပင်...ဦးသစ္စာထားခဲ့သည့် ဝိုင်းလေးမှာ အတော်အသင့်ကျယ်ဝန်းပေမယ့် အိမ်ဆောက်နိုင်တဲ့ အင်အားမရှိခြင်းကြောင့်ပင်....

"တည်မြဲရေ အကြော်တစ်ပွဲကွာ။ပါဆယ်နော်။"

"ဘာကြော်ယူမလဲ ကိုကြီးထွန်း"

"အစုံပေါ့ကွာ။ဂိတ်ရောက်မှ စားမှာမလို့
ပူတာ ရွတာ​လေး ရွေးထည့်ပေးနော်။"

" ငါတို့ဆီက နင့်ကို ဘယ်တုန်းက အေးပြီးပျော့ပြဲနေတာတွေထည့်ပေးဖူးလို့လဲ ငထွန်းရယ်.....။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now