Part-18

1.6K 44 2
                                    

🏡Uni

"အေးပါ...မင်းသာ လာဖြစ်ရင်ငါ့ဆီဖုန်းလှမ်းဆက်"

"အေးအေး ငါ တည် ကိုပြောပြီးတာနဲ့ အမြန်ဆုံးလာခဲ့မယ်"

"အေးပါ"

"အဲ့ဒါဆိုလည်း ဒါပဲနော်"

"အေးအေး"

ညွှန်း ဘန်ကောက် လာမည်ဖြစ်ကြောင်း ဝေယံတို့ဆီ  video call ဖြင့် လှမ်းအသိပေးခြင်းပင်။ဖုန်းပြောပြီးလို့ ချလိုက်သည်နှင့် အခန်းတံခါးကို ဖြည်းညှင်းစွာ ဖွင့်ဝင်လာသူကိုတွေ့ရ၏။ပြီးမှ ညွှန်းဘေးနား လာထိုင်ကာ....

"ဘယ်သူနဲ့ပြောနေတာလဲ ညွှန်း"

"အွန်း ဝေယံတို့နဲ့"

"သြော်"

ထိုမျှသာပြောပြီး အိပ်ရာပေါ်တက်ကာ ဖုန်းဖွင့်၍ ဂိမ်းဆော့ရန်ပြင်နေသည်မို့...

"ဟိုလေ တည် ငါမင်းကိုပြောစရာရှိသေးတယ်။"

ဖုန်းကိုပြန်ပိတ်ကာ ညွှန်းကို ပြန်၍ကြည့်လာ၏။

"အွန်း ပြောလေ။ဘာပြောချင်လို့လဲ။"

"ငါ နောက်တစ်ပတ်လောက်နေရင် ဘန်ကောက် သွားစရာရှိတယ်။"

"ဟမ်! ဘာသွားလုပ်မှာလဲ မင်းက"

"ငါ အလုပ်ကိစ္စလေး နည်းနည်းရှိလို့။ပြီးတော့ ဝေယံတို့ကလည်း လာလည်ဖို့ခေါ်နေလို့လေ။အဲ့ဒါ ငါသွားမယ်နော်"

"မင်းသွားရင် ငါကရော။"

"မင်းက ကျောင်းမပိတ်သေးတော့ လိုက်လို့မရသေးဘူးလေ။ပြီးတော့ ငါတို့နှစ်ယောက်လုံးသွားလို့မရဘူး။ငါမရှိတုန်း မင်းက အလုပ်တွေ တစ်ချက်လောက်ကြည့်ပေးထားလေ နော်"

အလိုမကျဟန်နဲ့ မျက်မှောင်ကြုတ်၍ ကြည့်နေသည်မို့....

"နော်လို့ နော်"

"အေးပါ။မင်းက ဘယ်လောက်ကြာမှာလဲ"

"ဟို မပြောတတ်သေးဘူး။လေး ငါးလ လောက်ကြာမယ်ထင်တယ်"

"ဘာ! အဲ့လောက်တောင်ကြာမှာလား။"

"အေး"

"မင်းဟာကလည်း လေး ငါးလ လောက်တောင်ကြာမှာဆိုတော့ ဘာအလုပ်မို့လို့လဲ"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now