Part-23

2K 55 2
                                    

🏡Uni

တည် ညကလည်း မူးအောင်သောက်ပြီး အိပ်ပစ်လိုက်၏။မူးမှမေ့ပျောက်မယ့် ဒဏ်ရာကို
ဤနည်းနဲ့ကုစားတာ မှန်ရဲ့လား မသိပေမယ့်
ဒီနည်းက ခဏတာတော့ သက်သာစေ၏။

အိပ်ရာနိုး"ချင်း အခန်းလေးထဲကနေထွက်ခဲ့လိုက်ပြီး မျက်နှာသစ်ရန် ရေစည်သို့ဆင်းခဲ့လိုက်၏။ရေစည်သို့ ရောက်သည့်အခါ သွားတိုက်ဆေးအဆင်သင့်ထည့်ပေးထားသည့် သွားတိုက်တံတစ်ချောင်းကိုတွေ့ရ၏။
တွေ့တဲ့ဟာနဲ့ယူတိုက်လိုက်ပြီး အိမ်ထဲပြန်
ဝင်မည့်အချိန်တွင်.....

" နိုးတောင်နိုးနေပြီလား။ငါက မင်းအတွက်မနက်စာသွားဝယ်ပေးနေတာ။ငါက အစောကမှရောက်တာဆိုတော့ မချက်လိုက်ရလို့"

ညွှန်းကို တစ်ချက်သာလှည့်ကြည့်ပြီးဘာစကားမှမပြောပဲရှောင်သွား၏။

လက်ထဲကပါလာသည့် လက်ဖက်ရည်နဲ့ မုန့်များကို ပန်းကန်ထဲလှယ်ထည့်ပြီး သူထိုင်နေရာ ကွပ်ပျစ်ဆီသို့ယူသွားလိုက်၏။

"ရော့...တည်။မနက်စာ စားလိုက်ဦး။"

"ခွမ်း! ခွမ်း!"

ကွပ်ပျစ်ပေါ်တင်ပေးသည့် ပန်းကန်များကို လက်နဲ့တိုက်ချပစ်လိုက်သောကြောင့် အားလုံးမှောက်ကာ ကြွေပန်းကန်တွေပင် ကွဲကုန်၏။

"တည်!"

စေတနာနဲ့ ခြေညောင်းခံပြီးသွားဝယ်ထားတာကို ဒီလိုလုပ်လိုက်လို့ ညွှန်းဒေါသထွက်ပြီးအသံ နည်း"အသံကျယ်သွား၏။စိတ်မကောင်းဖြစ်တာဆို ပိုမှန်ပါလိမ့်မည်။

သူကတော့ တွန်းချလိုက်တာ သူမဟုတ်သလိုပင် ဘာစကားမှမပြောပဲ ညွှန်းကိုသာ စိုက်ကြည့်နေ၏။ညွှန်းလည်း စကားမများချင်တာနှင့် ဘာစကားမှမပြောတော့ပဲ ဖန်ခွဲစတွေကောက်ဖို့သာပြင်လိုက်၏။ညွှန်းဖန်ကွဲစတွေကောက်နေရင်း......

"နိုးနေပြီလား ကို။သွန်းက လက်ဖက်ရည်နဲ့
အီကြာကွေး ဝင်ဝယ်နေလို့ လာတာနောက်ကျသွားတယ်။"

ခြံတံခါးကို တွန်းဖွင့်ပြီး ကိုယ့်အိမ်ကိုယ့်ယာလိုဝင်လာသည့်အမျိုးသမီးသည် တည်ရဲ့ဘေးကိုကပ်ပြီး.....

"သွားရအောင်လေ ကို"

"အွန်း"

ထိုအမျိုးသမီး၏ စကားတစ်ခွန်းနှင့် ချက်ခြင်းလိုက််ပါသွားသူသည် ညွှန်းကိုပင် တစ်ချက်မှပြန်မကြည့်ခဲ့ပါ။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now