Part-10

1.8K 53 3
                                    

🏡Uni

"ဒါက ဘယ်လဲ သား"

"ဟို... သား ပွဲရုံကိုလိုက်သွားမလို့မေမေ။"

"သားတစ်ယောက်ထဲလား"

"ဟုတ်တယ် မေမေ။ဖေဖေနဲ့ တည်က အရင်သွားနှင့်ကြပြီ။"

"သြော်...အဲ့ဒါဆိုလည်း လာထိုင်ပါဦး။မေမေ
သားကို ပြောစရာရှိလို့။"

"ဟုတ်ကဲ့"

မေမေ နဲဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပြီး
ပြောလာမယ့် စကားကို အာရုံဏ်စိုက်ကာ နားထောင်နေလိုက်၏။

"သားကို မေမေ့မိတ်ဆွေ သမီးလေးနဲ့ စေ့စပ်ပေးထားချင်တယ်။"

"ဗျာ"

ရုတ်တစ်ရက်ကြားလိုက်ရသည့်စကားကြောင့်အံ့သြတကြီးဖြစ်သွားတဲ့သားကိုကြည့်ကာ ဒေါ်နန်းနွန် လုံးဝစိတ်မကောင်း။ဝေ့ဝဲလာတဲ့ မျက်ရည်ကြည်လေးတွေကို မျက်ရည်လေးတွေမဖြစ်သွားအောင် အတင်းထိန်းချုပ်ထားပုံရ၏။

"မစောလွန်းဘူးလား မေမေ။သားက ဆယ်တန်းပြီးလို့ တက္ကသိုလ်စတက်မဲ့အချိန်ပဲရှိသေးတာလေ။ပြီးတော့ အသက်လည်းပြည့်သေးတာ မဟုတ်ဘူး။"

"အဲ့ဒါတွေ မေမေသိပါတယ်သားရယ်။သားကိုလည်း အခုချက်ချင်းလက်ထက်ဖို့ပြောနေတာမဟုတ်ပါဘူး။ကျောင်းပြီးလို့ အေးဆေးဖြစ်သွားမှ လက်ထပ်ရမှာပါ။အခုက စေ့စပ်ထားကြရုံပဲ။"

"ဖေဖေရော သိပြီးပြီလား မေမေ"

"အွန်း မေမေပြောထားပြီးပြီ။မေမေ့သဘောတဲ့"

"သြော်"

"သား သဘောကရော"

"မေမေတို့က စီစဥ်ပြီးပြီဆိုတော့ သားမှာ ဘာမှပြောစရာမရှိတော့ပါဘူး။မေမေတို့ သဘောပါပဲ"

"မေမေ့သားက လိမ္မာ​ပြီးသားပဲ။မေမေတို့ကို စိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်ပါဘူးဆိုတာ မေမေသိပြီးသားပါ။ကဲ ကဲ သွားမယ်ဆိုလည်း သွားလေ သား။"

"ဟုတ်ကဲ့။သား သွားတော့မယ် မေမေ"

"အေးအေး"

မပီပြင်တဲ့အပြုံးတစ်ခုနဲ့ ပြုံးပြကာ ထထွက်သွားသည့်သူကိုကြည့်ကာ အသံတိတ်ငိုကြွေးမိတော့၏။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now