Part -22

2K 55 2
                                    

🏡Uni

၅ လကြာပြီးနောက်..........

အရာအားလုံးပြီးစီးသွားသည်နှင့် ညွှန်းပြန်လာခဲ့၏။တစ်ကယ်ဆို ရောက်ပြီးတစ်လကြာကတည်းက ပြန်လာချင်ခဲ့တာပင်။အကြောင်းက လွန်ခဲ့တဲ့လေးလလုံး ညွှန်းကို
လုံးဝအဆက်အသွယ်မလုပ်သည့်သူကြောင့်ပင်။ဘယ်လိုအကြောင်းကြောင့် ညွှန်းကိုမဆက်သွယ်တာလည်း မေးချင်၏။ပြီးတော့ စိတ်လည်းပူသည်။

ချက်ခြင်းတောင်ပြေးလာချင်ခဲ့ပေမယ့် စီစဥ်ပြီးသားကိစ္စတွေကြောင့် သည်းခံပြီးနေခဲ့ရ၏။လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ခွဲစိတ်မှုတွေပြီးသွားပေမယ့် ဆရာဝန်ကြီးတွေက စောင့်ကြည့်ချင်သေးတယ်ဆိုတာနှင့် ပြန်မလာဖြစ်သေးတာပင်။

အခုဆိုရင် သူ့သွေးသားလေးက ညွှန်းဗိုက်ထဲမှာ ရှိနေတာ တစ်လသားလေးပင်ရှိလို့နေပြီဖြစ်၏။သူသာသိသွားရင် ပျော်သွားမလား စိတ်ခုသွားမလား ဒါမှမဟုတ်အပျော်လွန်ပြီး မျက်ရည်ကျနေမလားဆိုတာ သူ့မျက်နှာကိုအရိပ်အကဲ ဖတ်ကြည့်ချင်နေပြီဖြစ်၏။

"ပွမ်! ပွမ်!"

ကားဟွန်းတီးသည့်အခါ အထဲမှ ဦးဆန်းမြင့်ကပြေးလာပြီး တံခါးဖွင့်ပေးသည်ကို တွေ့ရ၏။ကားလေးက ခြံထဲကို မောင်းဝင်သွားပြီး ရပ်သွားသည့်အခါ ညွှန်း ချက်ခြင်းဆင်းလိုက်၏။

"သား စေရာ။ပြန်လာမှာ ဦးလေးကိုဖုန်းလှမ်းဆက်တာမဟုတ်ဘူး။ဦးလေး လာကြိုမှာပေါ့"

"အလုပ်ရှုပ်မှာစိုးလို့ပါ ဦးဆန်းမြင့်ရဲ့။အခုလည်း ရောက်နေပြီပဲဟာကိို"

"အေးအေး"

ညွှန်းပစ္စည်းတွေကိုချပေးပြီးသည်နှင့် အငှားကားကိုပြန်လွှတ်လိုက်၏။ပြီးမှ အိမ်ထဲဝင်ခဲ့ကြ၏။

အိမ်ထဲရောက်သည်နှင့် အရင်ဆုံးရှာမိတာ သူ့ကိုပင်......

"ဦးဆန်းမြင့် တည်မရှိဘူးလား ဟမ်။အလုပ်သွားတာလား"

"ဟို...."

ရုတ်တစ်ရက်ပျက်ယွင်းသွားသည့် ဦးဆန်းမြင့်မျက်နှာကို ညွှန်း မြင်ဖြစ်အောင် မြင်လိုက်ပါ၏။

"ဘာဖြစ်လို့လဲ ဦးဆန်းမြင့်။တည် ဘာဖြစ်လို့လဲ ကျွန်တော့်ကိုပြောပါဦး"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now