Part-8

1.6K 48 2
                                    

🏡Uni

"ငါ မလိုက်တော့ဘူး တည်။မင်းပဲ ဝင်နှုတ်ဆက်လိုက်တော့နော်။ငါ အပြင်မှာပဲစောင့်နေလိုက်မယ်။"

"အွန်းပါ"

ကျောင်းထွက်ပြီး ဆိုက်ကားနင်းဖို့ကြံနေသူကို ၂ ရက်ဆက်တိုက်လာတွေ့ပြီး အလုအငြင်းပြောလိုက်ရ၏။ငြင်းရတာနဲ့ တန်တယ်ပြောရအောင်ပင် နောက်ဆုံးတော့ ကိုယ့်စကားကို လက်ခံပြီး အိမ်ကိုအပါခေါ်နိုင်ခဲ့သည်။

ယူစရာတွေမများလို့ ကိုယ့်ဘာသာပဲစက်ဘီးနဲ့လာခဲ့ပါ့မယ်ဆိုတဲ့ စကားကို လစ်လျူရှုပြီး ဖေဖေ့ ဒရိုက်ဘာရော ကားရောအပိုင်းသိမ်းလာကာ တည်ကိုလာကြိုကြခြင်းပင်။

ခြံတံခါးကို သော့ခတ်ပြီး အကိုထွန်းခိုင်တို့ကို နှုတ်ဆက်ချင်သေးသည်ဆိုတာနဲ့ ညွှန်းအပြင်တွင်ရပ်စောင့်နေကာ တည်တစ်ယောက်ထဲပဲလွှတ်လိုက်၏။သူ့မှာလည်း သူ့ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ သံယောဇဉ်တွေရှိသည်မို့ ညွှန်းလိုက်သွားလို့ အနေမခက်စေချင်သောကြောင့် နေခဲ့ခြင်းပင်...။

"အမ လှရင် ..."

"သြော်... တည်မြဲ လာလေ...မောင်လေး"

"ဟုတ် "

မလှရင်က စက်ချုပ်နေရင်းမှ ထလာကာ တည်နား သို့ရောက်လာ၏။

"မင်းအကိုဆီလာတာလား မောင်လေး"

"ဟုတ်အမ။အကိုပြန်ရောက်ပြီလား မသိဘူး။"

"အေး...ထမင်းစားပြန်လာလို့ ရေချိုးနေလေရဲ့။ခဏထိုင်စောင့်ဦးလေ အမခေါ်ပေးမယ်။"

"ဟုတ်"

ခဏလောက်စောင့်ပြီးမှ အကိုထွန်းခိုင်ရောက်လာ၏။

"ဟာ တည်မြဲ။မင်းစောင့်နေတာ ကြာသွားပြီလား။"

"မကြာသေးပါဘူး အကိုရာ။အခုမှရောက်တာပါ။"

"သြော်...ကဲ...ပြောပါဦးကွာ မင်းလာရင်းကိစ္စ"

"ကျွန်တော် အကို့ကို လာနှုတ်ဆက်ရင်း ကန်တော့ချင်လို့။"

"ဟေ...မင်းကဘယ်သွားမလို့လဲ"

ညွှန်းစီစဉ်သည့် အရာအားလုံးကိုပြန်ပြောပြရတော့၏။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now