part-21

1.7K 44 1
                                    

🏡Uni

အဝတ်ထုတ်တွေကားပေါ်တင်ပြီးသည်အထိ
ကားပေါ်မတက်သေးပဲ သက်ပိုင် သူ့ကိုမျှော်နေမိ၏။ခြံရှေ့ကို သူများရောက်လာပြီလားဆိုတဲ့အတွေးနဲ့ ခဏခဏ လှမ်းကြည့်မိသည်မှာလည်း အခါ">မျှော်နေသူကတော့ အရိပ်တောင်မမြင်ရသေးပါ။

လက်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး လေယဥ်ချိန်နောက်ကျမည်စိုး၍ သွားဖို့ရန်ပြင်လိုက်၏။

"သားသွားတော့မယ် အဖေနဲ့အမေ"

"အေးအေး လမ်းခရီးကိုဂရုစိုက်ပြီးသွားသား။မေမေတို့ နောက်လ ချက်ခြင်းလိုက်
လာခဲ့မယ်။"

"ဟုတ်ကဲ့"

အမေရိကားကို သက်ပိုင်တစ်ယောက်ထဲအရင်သွားနှင့်ရမှာဖြစ်၏။အဖေနဲ့အမေကတော့
နောက်လမှ လိုက်လာမှာဖြစ်ပြီး မဂ်လာပွဲကိုလည်း အဲ့ကျမှ စီစဥ်ကြမှာဖြစ်၏။

သက်ပိုင် ကားတံခါးဖွင့်ပြီး တက်မည်လုပ်ရာ....

"သား"

"ဗျာ အမေ"

"သား မြတ်မင်းလေးကိုရော နှုတ်ဆက်ပြီးပြီ
လား"

"ဟုတ်ကဲ့ သား သူ့ကို ဘယ်အချိန်သွားမယ်ဆိုတာပြောပြီးပါပြီ"

"သြော် အေးအေး"

"အဲ့ဒါဆို သားသွားတော့မယ်နော်"

"အေးအေး"

"သားသွားပြီနော် အဖေ"

"အေး"

သတ်ပိုင် ကားနောက်ခန်းကို ဝင်ထိုင်လိုက်သည်နှင့် ကားလေးကအိမ်ကနေ  စတင်၍ ထွက်ခွာ၏။

သက်ပိုင်ကျန်ခဲ့သည့် အိမ်ဘက်ကို လှည့်ကြည့်၍ ယောက်ျားလေးတန်မဲ့မျက်ရည်ကျမိပါ၏။ကျလာသည့်မျက်ရည်ကို ပွတ်သုတ်ပြီး
အံကိုတင်း"ကြိတ်ကာ မငိုမိအောင်ထိန်းထားရ၏။

အချိန်အတော်ကြာ မောင်းပြီးမှ ကားလေးက လေယဥ်ကွင်းသို့ရောက်၏။ရောက်တာနဲ့ အထုတ်တွေကိုချပြီး ခရီးသည်တွေထိုင်စောင့်သည့် နေရာမှာစောင့်နေလိုက်သည်။ဒရိုက်ဘာကိုတော့ ချက်ခြင်းပြန်လွှတ်လိုက်၏။

တရွေ့"လှုပ်ရှားနေသည့် နာရီလက်တံကိုကြည့်ကာ မျက်ရည်က တားမရအောင်စီးကျလို့လာသည်။တစ်သက်လုံးအတွက် ဆုံးရှုံးရတော့မှာဆိုတဲ့အသိက လူကိုအရှင်လတ်"မီးမြိုက်နေသလို ပူလောင်မှုက အတိုင်းအဆမဲ့၏။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now