Part-25

2.5K 63 10
                                    

Uni🏡

"မင်းပုံစံက ဘယ်လိုဖြစ်သွားတာလဲ တည်မြဲရာ။ရုတ်တစ်ရက်ကြီးတွေ့လိုက်ရတော့ ငါ မှတ်တောင်မမှတ်ချင်ဘူး။"

မြတ်မင်းပြောသည်ကို သဘောကျစွာတစ်ချက်ရီလိုက်ပြီးမှ....

"ဒီလိုပဲဖြစ်သွားတယ်ကွာ"

နောက်ဆုံးနှစ်ကျောင်းဖွင့်တော့မှာမို့ မြတ်မင်း
တည်မြဲပေးထားတဲ့ လိပ်စာအတိုင်း သွားတွေ့
ခဲ့သည်။ဟိုရောက်တော့ ခြံစောင့်ဦးလေးကြီး တစ်ယောက်သာရှိပြီး တည်မြဲရဲ့အိမ်ကို လမ်းညွှန်ပေးလိုက်သည်မို့ လာတွေ့ရာ အိမ်မရောက်ခင် ရပ်ကွက်ထိပ်တွင် ပက်ပင်းတိုးခဲ့ရသည်။

ပုဆိုးတိုတိုနဲ့ မြန်မာ့သြဘာ တံဆိပ်ပါသည့် အက်ျီလက်တိုကိုဝတ်ဆင်ထားပြီး နှုတ်ခမ်းမွေး မုတ်ဆိတ်မွှေးတွေနဲ့လူကို တည်မြဲမှဟုတ်ရဲ့လား သေချာကိုကြည့်ယူလိုက်ရသည်။

ပြီးမှ စားသောက်ဆိုင်တစ်ဆိုင်သို့မောင်းလာပြီးစကားပြောဖြစ်ကြသည်။

"မင်း ကျောင်းဖွင့်ရင်တော့ တက်ဖြစ်မယ်မို့လား"

"ဟင့်အင်း ငါမတက်တော့ဘူးမြတ်မင်း။"

"ဟ! ဒုတိယနှစ်တောင် ပြီးသွားမှကွာ။တစ်နှစ်ပဲကျန်တော့တာကို"

"အွန်း ငါသိပါတယ်။ဒါပေမယ့် ငါမတက်
တော့ဘူး။အစကတည်းက ငါ့စိတ်နဲ့ဆို ကျောင်းတောင် တက်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။
သူ အတင်းတက်ခိုင်းလို့သာ"

ပြောလည်းပြော စားပွဲပေါ်က ဘီယာခွက်ကိုလည်း မော့သောက်၏။ပုံစံကြည့်ရတာ ညစ်နေပုံပင်.....

"မင်းတို့အိမ်ထောင်ရေး အဆင်မပြေလို့လား
တည်မြဲ"

"သိပ်ပြေတာပေါ့...အဟွန်း! မနက်ဖြန် သဘက်ခါဆိုရင်ပဲ ကွာရှင်းကြတော့မှာ..."

"ဟာ...ဘယ်လိုဖြစ်တာလဲကွာ"

"ဒီလိုပါပဲ...."

"ဒီသီတင်းကြားရတာ စိတ်တောင်မကောင်းဘူးကွာ။ငါ့ပရောဂမကင်းသလို ခံစားရတယ်"

"မဆိုင်ပါဘူးကွာ။မင်းက ဘာမှလည်း လုပ်ခဲ့တာမဟုတ်ပဲနဲ့။မသိရင် မင်းနဲ့ငါပဲ ဖောက်ပြန်ခဲ့သလိုလိုနဲ့"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now