Part-6

1.7K 51 0
                                    

🏡Uni

"သား"

"ဗျာ မေမေ"

"မနက်ဖြန် သားမွေးနေ့လေ။ခါတိုင်းလိုပဲ လုပ်မယ်မဟုတ်လား သား"

"ဒီနှစ်တော့ အရင်နှစ်တွေလိုမလုပ်ချင်ဘူးမေမေ။"

"သားက ဘယ်လိုလုပ်ချင်လို့လဲ။စိတ်ကူးထားတာရှိရင် ဖေဖေတို့ကိုပြောလေ။"

"သားမွေးနေ့ကို နှစ်တိုင်းလုပ်နေကျအတိုင်းပဲ
မိဘမဲ့ဂေဟာမှာ သွားလှူမယ်။ညနေဘက်လေးကျမှ သားသူငယ်ချင်းတွေတင် ဖိတ်ပြီး
မုန့်လုပ်စားချင်တယ်ဖေဖေ။မနက်ပိုင်းတော့
ဖေဖေတို့နဲ့ ဘုရားသွားမယ်လေ။"

"သားက အဲ့လိုလုပ်ချင်လို့လား သား။အရင်နှစ်တွေတုန်းကလို ပွဲမလုပ်ချင်ဘူးလား။"

"ဟုတ်။သား လူများတာ သိပ်မကြိုက်ဘူး မေမေ။ဒီနှစ်တော့ အေးအေးချမ်းချမ်းလေးပဲလုပ်ချင်တယ်။"

"သားသဘောပါပဲ။ဒါပေမယ့်... မေမေက
အရင်နှစ်လိုပဲထင်လို့ ဖိတ်စာတွေကြိုရိုက်ထားပြီးပြီ။ငါ့သားဖိတ်ချင်တဲ့ သူငယ်ချင်းတွေအတွက် ယူသွားလိုက်နော်"

"ဟုတ်ကဲ့"

.........................

"ရော့ တည်"

"ဒါက ဘာလဲညွှန်း"

"ငါ့မွေးနေ့ဖိတ်စာလေ။မင်းလာရမယ်နော်။"

"ငါ.....

"လာခဲ့ပါကွာ။လူသိပ်မများဘူး။သူငယ်ချင်း
တွေကြည့်ပဲအိမ်မှာစုပြီး မုန့်လုပ်စားရုံပဲ။"

ပုံမှန်တောင် ခပ်နွမ်းနွမ်းဖြစ်နေသည့်သူက
မွေးနေ့ကို ဘယ်လိုပုံစံနဲ့ သွားရမှာလဲ။မွေးနေ့နဲ့သင့်တော်မဲ့ အဝတ်အစားတည်မှာမရှိ။ဖိနပ်ကလည်း လက်ရှိစီးနေသည့် စင်ကြယ်ဖိနပ်လေးသာရှိသည်။ညွှန်းကိုခင်ပေမယ့် ဒီပုံစံနဲ့သွားလျှင် ညွှန်းလည်း မျက်နှာငယ်ရမယ်။သူလည်း သိမ်ငယ်ရမည့်အဖြစ်။လူအများကြား လုံးဝအရောင်ထွက်မှာမဟုတ်။

"ဒါရောပဲ တည်... ရော့"

လက်ထဲထိုး၍ပေးလာသည့် အထုပ်လေးတစ်ခု.....

"ဒါ ဘာလဲ ညွှန်း"

"ဖွင့်ကြည့်လေကွာ"

အထုပ်ကိုယူလိုက်ပြီး ဖွင့်ကြည့်ရာ....

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now