Part-28

2.6K 72 4
                                    

Uni🏡

"၃ ခေါက်။ငါ သုံးခေါက်ပြည့်ခဲ့ပြီ ညွှန်း"

ဒီဇွဲကပင်မြေမှာ ညွှန်းကိုလာရှာသည်မှာ အကြိမ်ကြိမ်ပင်။အချိန် ၅ နှစ်လောက်သာကုန်သွားတယ် ပုန်းနေသူကိုအခုထိကိုရှာမတွေ့သေးပါ။ရောက်တိုင်းလည်း အမြဲကြိုး စားပြီးလုပ်ဖြစ်တာတစ်ခုရှိသေး၏။အဲ့ဒါက ဇွဲကပင်တောင် တက်ခြင်းပင်။သူပြောဖူးသည့် သုံးခေါက်ပြည့်အောင်တက်နိုင်ရင် ဆုတောင်းတစ်ခုပြည့်တယ်ဆိုသည့်စကားကိုယုံကြည်စွာနဲ့ တက်ဖြစ်ခဲ့သည်မှာ အခုဆိုရင်
တောင်ထိပ်ကို သုံးခေါက်မြောက် ရောက်လာခဲ့ပြီပင်။

ဆံတော်ရှင်ဇွဲကပင်ကိုတိုင်တည်ပြီး
ပြောချင်တယ် ညွှန်းရယ်...ငါ မင်းနဲ့အမြန်ဆုံး
ပြန်တွေ့ချင်ပြီ။ငါဒီဇွဲကပင်မြေက မပြန်ခင် မင်းမျက်နှာကိုမြင်ခွင့်ရရပါစေကွာ။ငါ ဒီဆုတစ်ခုပဲ တောင်းချင်ပါတယ်။

"ပြန်ဆင်းရအောင်လေ တည်မြဲ။"

ဘေးကပါလာသည့် တည်ကြည်ရဲ့ပြောသံကြားမှ....

"ဟုတ် ဆင်းမယ်လေ ကိုတည်ကြည်။"

တည် အလုပ်တွေကို ဦးစီးလုပ်ကိုင်သည့် အချိန်မှစ၍ ဘုန်းတည်ကြည်နဲ့ပါ တွဲလုပ်ဖြစ်၏။ပေါင်းသင်းလာသည့် ငါးနှစ်တာတွင်
တစ်ယောက်စိတ်ဓာတ်တစ်ယောက်နားလည်ပြီး တစ်ကယ့်ကိုမိတ်ဆွေကောင်းဖြစ်ခဲ့သည်။ညွှန်းနဲ့ပက်သက်သည့်ကိစ္စလေးတွေလည်း အမြင်ရှင်းခဲ့ရသည်။တည် ဘားအံကိုလာတိုင်းလည်း ညွှန်းကိုကူရှာပေးရန်လိုက်ပါ
လာတတ်သည်။ကိုယ်က တောင်တက်ချင်သည် ဆိုတာနဲ့လည်း အဖော်ကူတတ်ပေးရှာသည်။

တည် တို့တွေ အိမ်ပြန်လာကြသည့်လမ်းတွင်
ကားပျက်နေပုံရသည့်အမျိုးသမီးတစ်ယောက် လက်ယက်၍ ကား တားသည်နှင့်ကြုံရ၏။အချိန်အားဖြင့် ညနေရောက်နေပြီမို့ မိန်းကလေးတစ်ယောက်ထဲလည်းဖြစ်နေတော့ မိုးချုပ်သွားလျှင်မကောင်း။တည် ကူညီရန်ဆုံးဖြတ်ပြီး ကားရပ်ပေးလိုက်၏။

ထိုအခါ ထိုအမျိုးသမီးက....

"ဟို ညီမကားပျက်သွားလို့ပါရှင့်။ကူညီလို့ရရင် ကူညီပါလား အစ်ကိုတို့"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now