Part-12

1.7K 47 2
                                    

🏡Uni

"ဘာ!"

"ဖြည်း"အော်ပါ စေရာ ရာ။ဒီလောက်နီးနီးလေး ထိုင်ပြောနေတဲ့ ဟာကို အဲ့လောက်တောင် အော်ရလားကွ"

"အော်မှာပဲကွာ...တစ်ပတ်အတွင်းသွားတော့မယ့်ဟာကို ငါ့ကို အခုမှပြောရလား။အဲ့ဒါများ ဘန်ကောက်ရောက်မှ လှမ်းပြောပါတော့လား
ဝေယံရ။"

ထိုအခါမှ ဝေယံက ဘာမှမပြောတော့ပဲ ဖြူက ဝင်ပြောတော့သည်။

"မရွဲ့နေပါနဲ့ စေရာရယ်။ငါတို့လည်း နင့်ကို အစောကတည်းက ပြောပြချင်နေတာပါ။ဒါ
ပေမယ့် အရင်လတွေတုန်းက နင်က လူပန်း
စိတ်ပန်းဖြစ်နေတော့ ငါတို့က မပြောပြချင်သေးလို့ပါ။အခုကလည်း အောင်စာရင်းတွေထွက်ပြီဆိုတော့ တီလေးက ငါတို့ကို လှမ်းခေါ်နေပြီမို့လို့ နှုတ်ဆက်ရတာ။ငါတို့က ပိုတောင်မခွဲချင်ပါဘူးဟာ"

"သိဘူးဟာ...ဘာပဲပြော"နင်တို့က ငါ့ကို ထားသွားကြမှာပဲဟာ။"

အောင်စာရင်းတွေထွက်ပြီမို့ ဝေယံနှင့် ဖြူတို့ နှစ်ယောက်လုံး သူ့အဒေါ်တွေရှိရာ ထိုင်းနိုင်ငံသို့ ကျောင်းဆက်တက်ရန် သွားဖို့ လာ​ရောက်
နှုတ်ဆက်ကြခြင်းပင်။

အောင်စာရင်းတွေထွက်သည့် အချိန်တွင် တည်က ၃ ဘာသာဂုဏ်ထူးပါခဲ့ပြီး ညွှန်းကတော့ ၁ ဘာသာပါသည်။

ဝေယံတို့ မောင်နှစ်မ နှစ်ယောက်လည်း ဂုဏ်ထူး ၁ ဘာသာစီရရှိခဲ့ကြသည်။

အောင်စာရင်းထွက်ပြီးဘယ်လောက်မှ မကြာလိုက် ထိုင်းသွားတော့မည်ဟု လာနှုတ်ဆက်သည့် သူငယ်ချင်းနှစ်ယောက်ကို ညွှန်းဘာပြန်ပြောရမှန်းမသိ။စိတ်ဆိုးရန်သာ တတ်နိုင်တော့သည်။

"စိတ်မဆိုးပါနဲ့ ​စေရာ ရာ။ကျောင်းပိတ်ရင် ပြန်လာလည်မယ်​လေကွာ။ပြီးတော့ မင်းကြိုက်တတ်တာတွေလည်း ဝယ်ခဲ့မယ်။ကျောင်းပြီးရင်လည်း အပြီးပြန်လာခဲ့မှာပဲဟာ။အလွန်ဆုံးခွဲရ ၃ ၄ ၅ နှစ်ပေါ့။''

"အွန်းပါ...ပညာရေးကြာင့်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ကောင်း"သွားပြီး ​ကောင်း" ပြန်လာခဲ့။ကျန်းမာရေးလည်း ဂရုစိုက်ကြ ဟုတ်ပြီလား။"

"အွန်း"

"အွန်းပါဟာ"

"လာပါဦး ဒီကို"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now