Part-20

2K 44 0
                                    

🏡Uni

"ဘာ! အဲ့ဒါဆို မင်းလာတာ လာလည်တာ သက်"မဟုတ်ပဲ ကလေးယူဖို့ပေါ့"

"အင်း"

"မင်းရူးနေလား စေရာ။မင်းဘယ်လိုစိတ်ကူးနဲ့လျှောက်လုပ်နေတာလဲ။ကိုယ်နဲ့မသက်ဆိုင်တဲ့ပစ္စည်းတစ်ခုကို ခန္ဓာကိုယ်ထဲထည့်ပြီးတော့ ကလေးတစ်ယောက်လုံးကို ကိုးလလောက်လွယ်ထားရမှာနော်။တစ်ကယ့်လက်တွေ့က မင်းထင်သလောက်လွယ်မှာမဟုတ်ဘူး။"

"မလွယ်ဘူးဆိုတာ ငါသိပါတယ် ဝေယံ ရာ ။ဒါပေမယ့် ငါ သူ့အတွက် ကလေးလေးတစ်ယောက်မွေးပေးချင်တယ်။

"သူကမင်းကိုမွေးခိုင်းနေလို့လား။"

"သူကတော့ ​မမွေးခိုင်းပါဘူး။ငါလုပ်နေတာတွေ သူတောင်မသိသေးဘူး။ဒါပေမယ့် ငါနဲ့ယူလိုက်ရလို့ သူ့အတွက် နစ်နာသွားတာမျိုးမဖြစ်သွားစေချင်ဘူး။ ပြီးတော့ ငါကိုယ်တိုင်ကိုက သူနဲ့ငါရဲ့သွေးသားလေးကိုလိုချင်တယ်။"

ဝေယံကတော့ ​ပြောရတာ မောသွားဟန်နဲ့
သက်ပျင်းချလို့နေ၏။ဒါပေမယ့် မမောသည့်သူက တစ်လှည့်ဝင်၍ပြောပြန်၏။

"နင် တစ်ကယ်ပဲ အဲ့လိုသာ လုပ်မယ်ဆိုရင်
တစ်နှစ်ထဲမှာ ခွဲစိတ်မှု နှစ်ကြိမ်တောင် လုပ်ရမှာနော်။သားအိမ်တု ထည့်တာရယ် ကလေးမွေးတာရယ် နင် တစ်အားကိုပင်ပန်းရမှာနော် စေရာ။ပြီးတော့ နင်က အသားနာမှာ အရမ်းကြောက်တာလေဟာ...သူတို့က နင့်ဗိုက်ကို
၂ ခါတောင် ဓားတွေနဲ့ခွဲကြမှာနော်။"

အချစ်ဆုံးသူငယ်ချင်းတွေက ဂရုဏာဒေါသောနှင့် တားနေကြမှန်းသိသည်မို့ ညွှန်းစိတ်မဆိုးပါ။ဒါပေမယ့် ရွေးချယ်ပြီးသားလမ်းကို ဆုံးအောင်လျှာက်ချင်ပါသည်။သူ့အတွက်ရ
အောင် လျှောက်ဖို့လည်းစိတ်ကူးထား၏။

"အဲ့ဒါတွေ ငါကြိုတွေးထားပြီးသားပါ ဖြူရာ။သူ့ကြောင့်နာကျင်ရမယ်ဆိုရင်တောင် ငါ
ခံနိုင်ရည်ရှိပါတယ်။သူ့အတွက်ဆိုတဲ့စိတ်နဲ့ ငါသည်းခံနိုင်မယ်လို့လည်း ယုံကြည့်တယ်။"

"ကဲပါ...ငါတို့က နင့်အတွက်တွေးပြီးပြောတာပါ။နင်က အဲ့လောက်ဆန္ဒပြင်းပြနေရင်လည်း နင့်သဘောပါပဲ။"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now