Part 1

5.1K 97 0
                                    

🏡Uni

မှန်ထဲတွင် မြင်နေရသည့်ပုံရိပ်ကိုကြည့်ကာ ညွှန်း တစ်ကယ်ကို အားမရ။

သေးကျဥ်းသည့် နဖူးထက်တွင် ဖြန့်ကျဲနေသည့် ဆံပင်ခပ်အုပ်အုပ်ကလေးတွေက ကြည့်ကောင်းသယောင် ထင်ရသည်။နှာတံသည်
သူများတွေလို ချွန်မြမြလေးဖြစ်မနေပဲ အပေါ်ပိုင်းမှာ ပြားနေပြီး ထိပ်ပိုင်းတွင် လုံးတက်၍သွားသည်။မျက်ခုံးအစုံမှာ မဲနက်မနေပဲ အညိုရောင်ဖျော့ဖျော့လေးမို့ သိပ်မထင်ရှား။မျက်လုံးအစုံမှာတော့ အပြစ်ပြောဖွယ်မရှိပေမယ့် ခပ်စိပ်စိပ်မျက်တောင်တိုလေးများသာ ပါသည်ကိုတော့သိပ်မကြိုက်။
မျက်နှာဝိုင်းသည့်သူမို့ ပါးနှစ်ဖက်မှာ လုံးလုံးလေးဖြစ်နေပြီး ကြည့်ကောင်းသယောင်။

နှုတ်ခမ်းတို့ဆီအကြည့်အရောက်တွင် သက်ပြင်းတစ်ချက်ချမိလိုက်၏။

အောက်နှုတ်ခမ်းမှာ အဆင်ပြေပေမယ့်
အောက်နှုတ်ခမ်းထက် နည်းနည်းပိုထူပုံရသည့် အပေါ်နှုတ်ခမ်းတို့ကြောင့် တစ်မျက်နှာလုံး ခြုံကြည့်လျှင် ရုပ်ဆိုးသွားရပြန်သည်။

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံကြားမှ အတွေးစတို့ ပြတ်တောက်သွားရသည်။

"သားရေ စေရာ ကျောင်းသွားဖို့အဆင်သင့်ဖြစ်ပြီလား။"

"ဟုတ်ကဲ့ မေမေ။သား လာပြီနော်"

"အေးအေး"

ဒေါ်နန်းနွန် လာခေါ်မှ မှန်ရှေ့က ထွက်ကာ လွယ်အိတ်ကောက်လွယ်လိုက်သည်။ပြီးမှ
မှန်ရှေ့ပြန်ရပ်ကာ.....

ဟူးးး တော်ပါသေးရဲ့။မေမေနဲ့တူတဲ့ ခန္ဓာ
ကိုယ်နဲ့အသားအရေလေး ပိုင်ဆိုင်ထားလို့။
မဟုတ်ရင် ငါ့ရုပ်ကို ဘယ်သူမှ ကြည့်ရဲမှာမဟုတ်ဘူး။အသားလေးဖြူနေတာ တစ်ကယ်ကို ကံကောင်းသွားတယ်။

အောက်ထက်ဆင်းလာလိုက်သည်နှင့် စားပွဲ
တွင် အဆင်သင့်ထိုင်စောင့်နေသည့် ဦးရာကျော်နှင့် ဒေါ်နန်းနွန်....

ရွှတ်

"morning ဖေဖေ"

ရွှတ်

"morning မေမေ"

မနက်တိုင်းလုပ်နေကျ အကျင့်အတိုင်း
ခုံတွင် ဝင်မထိုင်ခင် ဦးရာကျော် နှင့် ဒေါ်နန်းနွန် ပါးကို တစ်လှည့်စီနမ်းပြီးမှခုံတွင်ဝင်ထိုင်လိုက်သည်။

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now