Part-7

1.6K 50 0
                                    

🏡Uni

"ဗျာ"

ကြားလိုက်ရသည့်စကားကြောင့် တည် စိတ်တို့ လေဟာနယ်ထဲလွင့်လို့သွားရ၏။

မနက်ခင်းကျောင်းသွားခါနီးထိ တွေ့နေရသေးသည့် အမေသည် အခုများတော့ ဆုံးပြီတဲ့လား။ရင်ဘတ်တစ်ခုလုံးအောင့်သက်ကာ
မငိုပါပဲတောင် မျက်ရည်တွေက စီးကျလို့လာ၏။

"မနောက်ပါနဲ့ အကိုထွန်းခိုင် ရာ။ကျွန်တော့ကို တစ်ခြားနည်းနဲ့စ စမ်းပါ။အခုလိုမျိုး ဆက်နောက်နေမယ်ဆို ကျွန် ကျွန်တော် စိတ်ဆိုးမိလိမ့်မယ်နော်။"

"ငါမနောက်ဘူး တည်မြဲ။မင်းအမေတစ်ကယ်ဆုံးသွားပြီ ငါ့ညီရ။အစောက လေးတင် မူးတယ် မူးတယ်ဆိုပြီးလဲသွားလို့ အကိုဆေးခန်းခေါ်သွားတာ။ဦးနှောက်သွေးကြောပြတ်တာတဲ့။"

ကျောင်းဆင်းချိန် တည်ဆီက စာအုပ်ယူစရာရှိသေးလို့ဆိုပြီး လိုက်လာသည့် ညွှန်းပင် ကိုယ့်နားကို မယုံနိုင်။အကောင်းကြီးရှိနေသည့်လူသည် ချက်ခြင်းလက်ငင်းကြီးဆုံးသွားသည်မို့ အံ့အားသင့်ရ၏။နေ့မြင် ညပျောက် ဆိုသည့်စကားသည် ဒီတစ်ခါတော့သိပ်မှန်သည်။

ကျောင်းဆင်း"ချင်း မြင်လိုက်ရသည့် လူအုံကြီးနှင့်အတူ အသက်မဲ့စွာ လဲလျောင်းနေသည့် အမေလုပ်သူကိုမြင်လိုက်ရသည့် တည်
ခမျာ ဘယ်လောက်တောင် ရှော့ဖြစ်သွားမလဲ
မြင်ရယုံနဲ့တင် ညွှန်းခန့်မှန်းကြည့်လို့ရသည်။
မကြုံဖူးပေမယ့် ခံစားလို့ရသည်။

"မင်းငိုချင် ငိုလိုက်လေ တည်။မင်းသည်းခံနေစရာမလိုဘူး။ စိတ်ရှိတဲ့အတိုင်းပေါက်ကွဲလိုက်လို့ရတယ်လေ...မင်းနားမှာ ငါရှိတယ်နော်။မင်းတစ်ယောက်ထဲမဟုတ်ဘူး ငါရှိတယ်။"

မျက်ရည်ရစ်ဝိုင်းသည့် မျက်ဝန်းတွေနှင့်ရင်ဆိုင်လိုက်ရချိန် ညွှန်းကိုယ်တိုင်ပင် မျက်ရည်များကျလာမိသည်အထိ။ဒီလူသားနဲ့ ဆိုင်တဲ့အရာရာတိုင်းက ကိုယ်နဲ့အချိုးညီစွာပင်။သူပြုံးနေရင် ကိုယ်ပျော်ပြီး သူ့ဝမ်းနည်းရင် ကိုယ်ပါမပျော်နိုင်တော့တာမျိုး။

"ငါ ငါ တစ်ကောင်ကြွက် တစ်မျက်နှာဖြစ်သွားပြီပေါ့နော် ညွှန်း။"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now