Part-17

1.5K 48 1
                                    

🏡Uni

ရက်လတွေအလီလီပြောင်းလာသည်မှာ တည်ပင် ဒုတိယနှစ် ​ပြီးဆုံးခါနီးဖြစ်၏။

ထုံးစံအတိုင်း ညွှန်း က ပို့ကြိုပေးမြဲပင်။

အခုလည်း ကျောင်းရှေ့ကားရပ်ကာ....

"ပြန်ခါနီးကျရင် ဖုန်းလှမ်းဆက်နော် တည်။ငါပွဲရုံမှာ အလုပ်နည်း"ရှိသေးလို့ စောထွက်မလာတော့ဘူး"

"အွန်းပါ"

ညွှန်းနဲ့ပြောပြီးသည်နှင့် ကျောင်းဝန်းထဲဝင်ရန် လှည့်လိုက်ရာ အဝေးမှ လှမ်းကြည့်နေကျသည့် မြတ်မင်းနှင့် သက်ပိုင်ကို တွေ့ရ၏။

"ဟျောင့်တွေ ဘာလုပ်နေကြတာလဲ ဒီမှာ"

"မင်းကိုစောင့်နေတာလေ"

သက်ပိုင်ပြောခြင်းပင်။

"အဲ့ဒါဆိုလည်း သွားမယ်လေ လာ"

"ခဏလေး ငါသိချင်တာ မေးဦးမယ်"

မြတ်မင်းပြောသည်နှင့် သွားဖို့ ဟန်ပြင်နေရာမှ ပြန်၍ ခြေစုံရပ်လိုက်၏။

"မေးလေ"

"မင်းကို ခုနက လာပို့တာ ဘယ်သူလဲကွ။မင်းနဲ့ ဘာတော်တာလဲ။ပထမနှစ်ကတည်းက မင်းကို လာ"ပို့တာမြင်ဖူးလို့ မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး။"

"အဲ့ဒါ ငါ့အမျိုးသားလေ စေညွှန်းရာတဲ့။"

"ဘာ!"

"ဟမ်!"

တစ်အံ့တစ်သြဖြစ်နေကြသည့် သူငယ်ချင်းတွေကို တည်ကတော့ မအံသြပါ။ကိုယ်ပြောပြရင် ဒီလိုဖြစ်ကုန်မှာ ကြိုတွေးထားပြီးသားပင်။

"မင်းက အခြောက်လား တည်"

စကားနည်းသည့် သက်ပိုင်က ဘာမှမပြောပေမယ့် မြတ်မင်းကတော့ ဤသို့မေးလာ၏။

"ဟျောင့် မြတ်မင်း"

သက်ပိုင်က ကိုယ့်ကို အားနာပုံရကာ မြတ်မင်းကို ဆက်မပြောရန် ဝင်ဟန့်၏။

တည်လည်း ဘာမှမဖြစ်ဘူး ပြောလို့ရကြောင်း အရိပ်ပြမှ ဘာမှ ဝင်မပြောတော့ပဲ နှုတ်ဆိတ်သွား၏။

"မဟုတ်ပါဘူး"

"အဲ့ဒါဆို သူကခြာက်နေတာပေါ့"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now