Part-5

1.8K 58 0
                                    

🏡Uni

"ဝေယံရေ...ဝေယံ....ဖြူ...ဟေ့ ဖြူရေ"

"ကဲ...ဘယ်လိုဖြစ်လို့ စွတ်အော်နေရတာလဲ
မအေဘေးလေးရဲ့"

"ဟီးးးစက်ဘီးပတ်စီးရအောင်လို့ လာခေါ်တာ"

"သွားဖြဲပြမနေနဲ့ဟဲ့ ငါတို့က နွားပွဲစားမဟုတ်ဘူးနော်စေရာ"

ဖြူဝင်ပြောလိုက်ခြင်းဖြစ်၏။

"နင်ကလည်း...."

"ရှိသမျှသွားအကုန်ဖြဲ​ပြနေတယ်ဆိုတော့ စက်ဘီးစီးရုံပဲတော့ မဟုတ်ဘူးမို့လား။"

"ငါ့သူငယ်ချင်းက အတော်ဆုံးပဲ။ဟုတ်တယ်
စက်ဘီး ပတ်စီးရင်းနဲ့ တည်တို့ဆီ အကြော်သွားစားမလို့"

"မင်းလည်းလေ။စနေ တနဂ်နွေ ပိတ်ရက်တိုင်း အကြော်မစားရရင် သေတော့မဲ့လူလိုပဲနော်။"

"ဒါတော့ အန်တီချိုက အ​ကြော်ကောင်းတာကိုကွ။အချဥ်ကလည်း ရှယ်ပဲလေ"

"ငါတို့ကတော့ လက်ရာကောင်းလို့သွားစားနေတယ်လို့မထင်ပါဘူး။"

"မင်းတို့ကလည်းကွာ....."

ရှက်ရမ်း"ပြီး စက်ဘီးလက်ကိုင်ကို အတင်းခါရမ်းနေသည်မို့.....

"ကဲပါ...ရှက်ရမ်း"မနေနဲ့။စက်ဘီးက အစုတ်ပါဆို ပုံကျသွားပါဦး။"

အချစ်ဆုံးသူငယ်ချင်းတွေမို့ မကွယ်မဝှက်ပဲ ဖြစ်ကြောင်းကုန်စင်ပြောပြထားခြင်းကြောင့်ပင် ယောစီးနေတာ မနှစ်ကဘီးဆိုတာ သိနေခြင်းဖြစ်သည်။တစ်ဖက်ကလည်း ကိုယ့်လို
ယောက်ျားတစ်ယောက်ပဲမို့ သူတို့သိပ်အားမပေး။တားမြစ်ခြင်းလည်း မရှိကြ။

စက်ဘီးကိုယ်စီနင်းကာ ထွက်လာကြ၏။

အကြော်က အမှန်တစ်ကယ်လည်း စားကောင်းသည်မို့ ညွှန်းတို့ရောက်တဲ့အချိန် လူပင်တော်တော်အုံနေ၏။

"အန်တီချို တည် ရှိလားဟင်"

"​ရှိတယ် သားရဲ့။သားသူငယ်ချင်း
ညနေအတွက် ထမင်းဝင်ချက်နေတယ်။"

"သြော်...သားတို့ကို အကြော်စုံ နှစ်ပွဲပေးနော်။"

"အေးအေး ၊ ခဏတော့ စောင့်ဦးနော် သား"

တွဲလက်ကလေးရယ် မြဲ​စေလိုWhere stories live. Discover now