Intro

24.5K 496 25
                                    

U+Z

စာဖတ်သူလေးများအားလုံး မင်္ဂလာပါလို့ ထပ်ပြီးနှုတ်ဆက်လိုက်တယ်နော်။ 

ဆု ဒီတစ်ခေါက်ကို ရှေးခေတ်ဆန်ဆန်လေးရေးချင်လာလို့လေ။ ၁၉၀၀ ခုနှစ်ဝန်းကျင်ပိုင်းပေါ့။ ရှေးခေတ်ကိုမှ omegaverse သွားမလားလို့ပေါ့။ အသက်လည်းနည်းနည်းကွာပေါ့နော်။

ရေးချင်စိတ်ရှိပေမယ့် အချိန်လေးရယ် ဇာတ်အိမ်ကိုသေသေချာချာတည်ပြီးမှ ရေးချင်တာရယ်ကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း ၃ ရက်ဝန်းကျင်လောက်တော့ ခြားမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆု မနက်ပိုင်းကိုမရေးနိုင်တာရယ် ညနေပိုင်းဆိုရင်လည်း ဆုရဲ့ Personal အချိန်လေးကရှိနေတော့ ဆု အိမ်ပြန်ရောက်ချိန်က ည ၈ နာရီကျော်မှဖြစ်နေတာရယ်။ အဲ့ဒါကြောင့်မို့လို့ တစ်ပိုင်းနဲ့တစ်ပိုင်း ရက်ခြားလေးက နည်းနည်းကြာမယ်နော်။ ဇာတ်အိမ်ကိုလည်း ခိုင်ခိုင်လေးစဉ်းစားရအုန်းမယ်ဆိုတော့လေနော် (အချက်အလက်လေးတွေ ရှာဖွေနေဆဲမို့လို့ပါ)။ ရေးရင်းပါလာမယ့်အကြောင်းအရာတွေက ခုနှစ်သက္ကရာဇ်တွေအရ ပေါ်ပေါက်ပြီးသား သို့မဟုတ် မပေါ်ပေါက်သေးခင် စသည်ဖြင့်အချိန်ကွာဟမှုတော့ ရှိနိုင်ပါသည်။

၁၉၀၀ ခုနှစ်ဝန်းကျင်လောက်ကို ဦးတည်မှာဆိုတော့ သမိုင်းနဲ့မညီညွတ်တဲ့အကြောင်းအရာလေးတွေလည်း ပါကောင်းပါနိုင်ပါတယ်။ သမိုင်းကြောင်းနဲ့လဲ လွဲချော်နိုင်ပါတယ်ရှင့်။ ဆု စိတ်ကူးထဲကအတိုင်းလေးရယ် သမိုင်းမှာရှာဖွေတွေ့ရှိထားတာလေးတွေရယ် ပေါင်းစပ်လိုက်မှာပေါ့နော်။ တချို့အကြောင်းအရာတွေက သမိုင်းမှာဖြစ်တည်ခဲ့တဲ့ကြောင်းအရာတွေပါနိုင်တယ်။ ဆု ရှာဖွေထားတဲ့ သမိုင်းမှာဖြစ်တည်ခဲ့တဲ့ အကြောင်းအရာလေးတွေကို မှီခိုပြီး ဆု စိတ်ကူးထဲကအကြောင်းအရာတွေကို ဖြည့်စွက်မှာဖြစ်တာကြောင့် အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပါအုန်းနော်။

သူတို့နာမည်တွေကတော့....

မော်ကွန်းထိန်သာ
ပုန်းညှက်မြိုင်

ချစ်တဲ့
Hsu
24 September 2023 - Sunday

**************
**************

U+Z





သူတို့နာမည်တွေကတော့....

မော်ကွန်းထိန်သာ
ပုန်းညှက်မြိုင်

ချစ်တဲ့
Hsu

**************
**************

A Compatible Spouse [Complete]Where stories live. Discover now