Part 20

6.3K 379 8
                                    

U+Z

ပုန်းညှက်ယုံကြည်ထားတဲ့အတိုင်း ဖိုးဖိုးရဲ့ခွဲစိတ်မှုကအဆင်ပြေသည်။ လူကြီးဆိုတော့ သတိထားရမယ့် အပိုင်းတွေတော့ပါတာပေါ့။ ဒေါက်တာတွေလည်း သူတို့နဲ့ပတ်သက်တဲ့အပိုင်းတွေအားလုံးကို သေသေချာချာစောင့်ကြည့်နေကြသည်။

"ကိုကို"

အခန်းထဲရွှေ့ပြီးတာနဲ့မိသားစုတွေအားလုံးက တစ်နေရာဆီထိုင်ကာစောင့်ကြည့်နေကြသည်။ အဓိက ခွဲစိတ်ပေးတဲ့ဒေါက်တာဝင်လာတာနဲ့ သားကြီးက ကိုကိုဆိုပြီးသွားတော့ ဦးထွန်းသာမှာ ဖေဖေပြောတဲ့ သားရဲ့မိတ်ဖက်ဆိုတာကို သတိသွားရလိုက်သည်။ သားနဲ့ဒီဒေါက်တာနဲ့က အရင်ထဲကသိကျွမ်းခဲ့တာလား။ သားရဲ့ခေါ်ပုံတွေက စိမ်းသက်မနေပဲလူရင်းတွေလို။

"အင်း စိတ်မပူနဲ့ သွားထိုင်နေ"

မော်ကွန်းထိန်သာမှာ ဒီအိုမီဂါလေးတစ်ယောက်ကြောင့် တော်တော်ခက်နေသည်။ သူ မသိတဲ့အကြောင်းအရာတွေပြောပြောပြီး သူ့စိတ်ဝင်စားမှုကိုယူနေတာ။ သူကလည်းခက်တယ်။ ဆရာဝန်ဖြစ်လင့်ကစား ဒီစကားတွေကိုယုံကြည်နေသလို နားထောင်ကောင်းနေသလို နားထောင်နေမိသည်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း သူနဲ့ကိုယ်ကြားမှာ ပုံမှန်ထက်ပိုတဲ့အပြုအမူတွေကို နှစ်ယောက်လုံးကျူးလွန်မိ သွားကြတယ်မဟုတ်လား။ ကျူးလွန်တုန်းကလည်း သူတို့နှစ်ယောက်ရဲ့စိတ်အားထက်သန်မှုနဲ့အတူ ကျူးလွန်မိပြီးအဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်း ကြိုက်ကြောင်းမပြောပဲနဲ့အချင်းချင်းနားလည်နေကြသည်။

ဖိုးဖိုးဘေးမှာသူတို့တွေအားလုံးရှိပေမယ့် သူတစ်ယောက်ထဲကွဲထွက်နေသည်။ အင်းလေ သူမှတခြားသူတွေနဲ့စကားမပြောချင်တာ။ ကိုကိုက ဖိုးဖိုးကိုစမ်းသပ်ပေးနေကာ ဘေးနားမှာ ဒေါက်တာမြတ်ခိုင်ရော ဒေါက်တာကောင်းမြတ်ရောရှိသည်။ ဖိုးဖိုးမှာတခြားရောဂါတွေမရှိလို့ပေါ့ ရှိများသာရှိရင်အဆင်ပြေချင်မှပြေမှာ။

ဦးထွန်းသာမှာ သားကြီးကိုကြည့်ပြီးဘာလုပ်ရမှန်းမသိ။ သားကြီးကသူတို့နဲ့စကားပြောခြင်းမရှိပေမယ့် ဒီဒေါက်တာလေးနဲ့ကျတော့ စကားပြောတာမွတ်နေတာပဲ။ သွေးသားထက်တောင်ပိုပျစ်နေသေးတယ်။ သားက သူတို့ကိုလည်းဒီလိုစကားပြောရင်ကောင်းသား။ သားမေမေဆုံးတုန်းက သားကိုမရမကခေါ်ခဲ့ရမှာ။ သူသိရသလောက် ဒေါက်တာကဒီနိုင်ငံကလွဲပြီးဘယ်မှသွားဖူးတာမရှိဘူးဆိုတဲ့ အချက်အလက်တွေရရှိထားတာ။ သားနဲ့ကဘယ်တုန်းထဲကတွေ့သွားရတာလဲ။ ဖေဖေ့အတွက် ခွဲစိတ်ဖို့တာဝန်ပေးထဲက နောက်ကြောင်းတွေစုံစမ်းချက်အရ တစ်ကောင်ကြွက် alpha တစ်ယောက်ဖြစ်ပြီး ဘယ် အိုမီဂါနဲ့တွဲဖူးခြင်းမရှိသလို ဘာမှစပ်ယှက်ထားခြင်းလည်းမရှိ။ ဒီလိုစင်ကြယ်နေတဲ့ alpha တစ်ယောက်ဖြစ်လို့ ဦးထွန်းသာမှ အတွေးပေါင်းစုံဖြစ်နေရသည်။

A Compatible Spouse [Complete]Where stories live. Discover now