Part 12

5.6K 360 11
                                    

U+Z

"ကိုယ်မရှိတုန်း တစ်ခုခုဖြစ်ထားတာလား"

"မဖြစ်ပါဘူး"

"ဒါဆို ဘာဖြစ်လို့မျက်လုံးတွေက အစ်နေတာလဲ"

"မနက်က သီဟန်မုန့်ဝယ်လာတာ အဲ့ဒါစားမိလို့နေမယ်"

သီဟန်ပြန်သွားတာနဲ့ငိုမိသွားကာ ကိုကိုကပြန်လာတာနဲ့သူ့ကိုမြင်ပြီးရိပ်မိသွားသည်။ မျက်လုံးတွေကိုမအစ်အောင် သူနည်းနည်းတော့ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမယ့် မျက်လုံးအစ်တာကို ဖျောက်လို့မရဘူးဖြစ်သွားတာ။

"ပြစမ်း"

မေးစေ့ကနေဆွဲယူကာမျက်နှာကိုမော့ယူပြီးကြည့်တော့ သူ့အကြည့်တွေကိုရှောင်နေတဲ့မျက်လုံးတွေက တစ်ခုခုဖြစ်ထားတယ်ဆိုတဲ့ သက်သေ။ ခေါင်းမာတဲ့ကောင်လေးက ဘာဖြစ်တယ်ဆိုတာကိုသူ့ကိုပြောပြမှာ မဟုတ်ဘူးဆိုတာ မော်ကွန်းထိန်သာ သိသည်။ မျက်ခမ်းစပ်ကိုလက်လေးနဲ့ပွတ်စွဲတော့ ဆက်ကနဲတုန်သွားတာကလွဲပြီး သူကိုကြည့်မလာသေး။ ဘယ်သူက ဘာလုပ်လိုက်တာလဲ။

"ကိုကို ထမင်းစားတော့မလား သွားပြင်လိုက်မယ်လေ"

"အင်း"

ပုန်းညှက် ကိုကို့အကြည့်အောက်ကရှောင်ထွက်သွားလိုက်သည်။ ကိုကိုထပ်မေးလာမှာ သူ့ကိုသံသရမျက်လုံးတွေနဲ့ကြည့်လာမှာကို မလိုချင်တာကြောင့်။

"လူလေး ဘာလိုလို့လဲ"

"ကိုကိုထမင်းစားတော့မယ်ဆိုလို့"

"ဟုတ်လား မောင်သာနု"

"ရတယ်ဘဘ၊ ကျွန်တော်ပြင်လိုက်မယ် သွားနားလိုက်ပါ"

"အဲ့ဒါဆို ဘဘခြံထဲသွားစစ်လိုက်အုန်းမယ်နော်၊ သာနု မင်းလည်းပြန်နားတော့"

ဦးစံရင် သာနုကိုပြန်လွှတ်လိုက်ပြီး ခြံထဲသွားစစ်ဖို့ထွက်လိုက်သည်။

"အဘ"

"ဟုတ်ကဲ့ သူဌေး"

"ဒီနေ့ အိမ်ကိုဘယ်သူထပ်လာသေးလဲ"

"လူလေး သူငယ်ချင်းပါပဲ၊ မြတ်လေးကတော့ ခဏပဲလာတယ်၊ ထမင်းတောင်လာမစားပါဘူး"

"ဟုတ်လား သူတို့အဆင်ပြေရဲ့လား"

"အဘသိရသလောက် စာအတူတူလုပ်တယ်၊ ထမင်းအတူတူစားတယ်၊ မြတ်လေးသမီးလေးနဲ့ ဆော့ကြတယ်"

A Compatible Spouse [Complete]Where stories live. Discover now