U+Z
Now 21 Century
"ဒေါက်တာ့အတွက်တဲ့"
ဆေးရုံ reception အထိသူ့အတွက်ဆိုကာ မုန့်နဲ့အအေးကိုလာချပေးသွားတဲ့ အိုမီဂါတစ်ယောက်။ သူ့ဆီကို တစ်နေ့တစ်မျိုးမရိုးအောင် ဒီလိုတွေပေါ်တင်လာပေးတာရှိသလို တိတ်တဆိတ်လာပေးတာတွေလည်း ရှိသည်။
"မော်ကွန်းထိန်သာနဲ့ပေါင်းရတာ မုန့်ဖိုးမကုန်ဘူးဟ"
"မင်းတော်တော့"
"အမှန်ကိုပြောတာပဲ ကျွေးမုန့်"
ဘေးနားကသူငယ်ချင်းဆရာဝန်ကပြောရင်းနဲ့ပင် အိုမီဂါလေးပေးသွားတဲ့မုန့်ကိုဖောက်စားတော့၏။ မော်ကွန်းထိန်သာကတော့ သူငယ်ချင်းကိုကြည့်ပြီးခေါင်းခါလိုက်သည်။ ဒီမုန့်တွေကိုသူပြန်ပေးချင်ပေမယ့် တကယ်တမ်းသူတောင်မသိလိုက်ခင်မှာ သူငယ်ချင်းတွေကလက်ခံထားရတာနဲ့ ဖောက်စားထားရတာနဲ့ဖြစ်နေတာကြောင့် နောက်ပိုင်းမှာပြန်ပေးဖို့ကိုစိတ်မကူးမိတော့ပေ။ ပြီးတော့ လာပေးတဲ့သူတိုင်းကို သူသိတာမဟုတ်တာကြောင့်လည်းပါသည်။
"ဒေါက်တာလေးကို ဘယ်သူချိန်ရွယ်နေပြီလဲမသိဘူး"
"ဟဲ့ဒါနဲ့ ဒေါက်တာကရည်းစားမထားဖူးဘူးဆို အဲ့ဒါဟုတ်လား"
"ဘယ်သိမှာလဲ"
"မဖြစ်နိုင်ပါဘူး ဒေါက်တာ့ရုပ်ရည်နဲ့ရည်းစားမထားဖူးတာ ဖြစ်နိုင်လို့လား"
"ဟဲ့ soul mate လေ soul mate မတွေ့သေးလို့လည်းဖြစ်နိုင်တာပဲ"
သူတို့သိထားတာက ဒေါက်တာမော်ကွန်းထိန်သာဆိုတာ သူတို့ဆေးရုံကိုရောက်လာထဲက တည်တည်ကြည်ကြည်ရှိတဲ့သူဖြစ်ပြီး ရုပ်ရည်ရူပကာကလည်း ပြောစရာမလိုပဲ အညိုစင်နဲ့ကြည့်ကောင်းနေတဲ့ alpha တစ်ယောက်။ ဒီလို alpha တစ်ယောက်က ရည်းစားတွဲဖက် မရှိဘူးဆိုတော့အားလုံးက မယုံနိုင်ပဲဖြစ်နေသည်။
"မော်ကွန်း မင်းကိုဆေးရုံအုပ်ပြီးခေါ်နေတယ်"
"အင်း"
မော်ကွန်းထိန်သာ ဆေးရုံအုပ်ရုံးခန်းကိုသွားလိုက်သည်။ ဆေးရုံအုပ်ကခေါ်တယ်ဆိုတော့ အကြောင်းတစ်ခုခုရှိလို့ဖြစ်မှာ။
YOU ARE READING
A Compatible Spouse [Complete]
FantasiU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest