Part 3

7.3K 440 31
                                    

U+Z

"ဆရာကြီး အိမ်မှာလာနေပါ"

"နေပါ ထိန်သာရယ်၊ ဆရာကြီး အစ်ကိုကြီးတို့နဲ့နေရာတာအဆင်ပြေတယ်"

"ကျွန်တော်က ဆရာကြီးကိုမိဘလိုသဘောထားတာ သိတယ်မလား"

"သိတာပေါ့ သိတာပေါ့ အိမ်ကအဆင်ပြေတယ်မလား"

"ပြေပါတယ်"

ဘိလပ်ကပြန်လာထဲကဆရာကြီးဆီမရောက်ပဲဖြစ်နေတာ။ ဘိလပ်ကပြန်ရောက်ထဲက မိမိစီးပွားရေးကိစ္စတွေကိုနောက်ကိုပဲလိုက်နေရတာဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေ့နဲ့လဲ မတွေ့ပဲဖြစ်နေသည်။ မတွေ့ဘူးဆိုတာထက် သူတို့လက်ထက်ကအပေါင်းအသင်းတွေက ဘယ်ဆီရောက်သွားကုန်ပြီလဲ။ သူသိရသလောက် ရန်ကုန်မြို့ကြီးထဲလုပ်ငန်းရှင်တွေမှာ သူနဲ့သိခဲ့တဲ့မိတ်ဆွေအပေါင်းအသင်းတွေကို သိပ်မတွေ့ရ။ ဘိလပ်မှာနေထဲကဆရာကြီးနဲ့ပဲ အဆက်အသွယ်ရှိကာ ပြန်ရောက်တာတောင်အခုမှလာတွေ့ဖြစ်၏။ ဆရာကြီးတို့အိမ်ကကျန်ရှိတဲ့ အိမ်သားအားလုံးက ဘီတာတွေဖြစ်ကာဆရာကြီးလည်းဘီတာဖြစ်သည်။ ဘယ်အယ်လ်ဖာကမှ အိုမီဂါ၊ ဘီတာတွေကိုမလေးစားပေမယ့် သူကတော့သူ့ကျေးဇူးရှင်ဖြစ်တဲ့ဆရာကြီးကို ထိုသို့မဟုတ်ပဲ လေးစားသည်။ ဆရာကြီးကြောင့်ပဲ ဘိလပ်ကိုရောက်သွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကိုလေ့လာနိုင်တာ။ အခုဆို ရန်ကုန်ကစီးပွားရေးတစ်ခုစ နှစ်ခုစကိုသူ့ခြေလှမ်းတွေဝင်ရောက်ပြီးနေပြီဖြစ်သည်။

"ဆရာကြီး သူတို့မိသားစုဘာဖြစ်သွားလဲ"

ဒါပထမဆုံးသူထုတ်မေးမိခြင်းဖြစ်သည်။

"တခြားကိုစိတ်မရောက်တော့နဲ့"

"သိချင်ရုံပါ ဆရာကြီး"

"အတိတ်မှာကိုယ့်အပေါ်မကောင်းတာလုပ်ခဲ့လို့ အခုလိုဖြစ်သွားတယ်လို့ပဲမှတ်ပြီးမေ့လိုက် ဟုတ်ပြီလား"

ဦးသာရင် မှာသာမှာရတယ် မေ့လိုက်ဖို့ဆိုတာဖြစ်မှမဖြစ်နိုင်ပဲ။ ထိုနှစ်ဆောင်မြိုင်အိမ်ကြီးရဲ့အောက်ထပ်အခန်းမှာ မော်ကွန်းထိန်သာက လွှဲချခံပြီးနှိပ်စက်ခံခဲ့ရတာ။ သူအာမခံပြီးထုတ်ပေးခဲ့တုန်းက ၁ ပတ်တိတိဆေးကုခဲ့ရလောက်အောင် နှိပ်စက်ခဲ့တာကို။ ထိုအကြောင်းကိုပြောတိုင်း တပည့်ရဲ့အနံ့ဂလင်းတွေက အရိုင်းဆန်လာတတ်သည်။ လူငယ်တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် တွဲဖက်လို့ထင်ပြီးချစ်ခဲ့တဲ့အိုမီဂါမိသားစုကမှ ချောက်ချခဲ့တာဆိုတော့ ဘယ်မေ့ပျောက်နိုင်ပါ့မလဲ။

A Compatible Spouse [Complete]Where stories live. Discover now