U+Z
"ဖေဖေ့ ကလေးလေးတွေ"
ဆေးရုံးဆင်းပြီးတာနဲ့ ကလေးသုံးယောက်ဘေးမှာအမြဲတစိမ့်စိမ့်ကြည့်နေတဲ့ ပုန်းညှက်။ ကိုကို့ကိုကြည့်တော့ ကိုကိုကအိမ်ထဲလိုအပ်တာတွေဖြည့်နေသည်။ ကိုကိုက သူမထင်ထားတာတွေ ထထလုပ်နေတာ။ ကလေးသုံးယောက်နဲ့ဖြစ်သွားတော့ သူတောင်မသိတဲ့ကိုကို့ပိုင်တဲ့ နောက်ထပ်အိမ်သစ်။ သူမေးတော့ ကိုကိုကတစ်သက်လုံးအလုပ်လုပ်ပြီးစုဆောင်းထားတာပါတဲ့လေ။ ကလေးသုံးယောက်နဲ့ တိုက်ခန်းမှာနေလို့မဖြစ်လို့ ဒီကိုပြောင်းဖို့စဉ်းစားမိတာတဲ့။ အခုအိမ်လေးကြတော့ တစ်ထပ်တိုက်ပုပုလေးကသူ့ခြံလေးနဲ့သူဖြစ်ကာ ချစ်ဖို့ကောင်းသည်။ ခြံကအကျယ်ကြီးလည်းမဟုတ်။ ပေ ၆၀ ဝန်းကျင်ဖြစ်ကာ ခြံထဲမှာအိမ်လေးကသူ့ခြံနဲ့သူအံဝင်ဂွင်ကျဖြစ်သည်။
"သားတို့ ဒယ်ဒီက သားတို့အတွက်ကြိုတင်ပြင်ဆင်ထားတာတဲ့သိလား၊ သားတို့ ဒယ်ဒီ့ကိုအများကြီး ချစ်ပေးရမယ်နော်"
သူ့ကိုတော့သားတို့ကိုအများကြီးပေးမချီပေ။ အိမ်ကကျယ်သွားတော့ ဖေဖေရောအန်တီရောလာလို့ရသလို သာလွန်လေးလည်းလာအိပ်လို့ရသည်။ ဖိုးဖိုးလာမယ်ဆိုလည်းအဆင်ပြေသည်။ ဟိုဘက်တိုက်ခန်းမှာဆိုရင် ဖိုးဖိုးလာဖို့ခက်နေအုန်းမှာ။ ကလေးသုံးယောက်ကို အနှီးဖြူဖြူလေးတွေနဲ့ပတ်ကာ သုံးယောက်လုံးကိုစီပြီး မွေ့ယာလေးပေါ်မှာတင်ထားသည်။ နို့ဝပြီးအိပ်ပျော်နေတဲ့ကလေးသုံးယောက်က အခုတော့ငြိမ်ပြီးအိပ်နေ၏။
"ကိုကို"
"သဲငယ် အထဲမှာနေတာမဟုတ်ဘူး ဘာလိုလို့လဲ"
"ကလေးတွေအိပ်နေလို့ ခဏထွက်လာတာ ကိုကိုတစ်ယောက်ထဲ ပြင်ဆင်နေရတာ ပင်ပန်းနေပြီ"
"မပင်ပန်းပါဘူးဗျာ ကိုကိုကသဲငယ်နဲ့ကလေးတွေကို ဒီလိုထားချင်တာ"
ပုန်းညှက် ကိုကို့ခါးကိုဖက်ထားလိုက်သည်။ ကိုကိုက တကယ်ကိုသူ့အတွက်အိမ်ထောင်ဘက်ကောင်းတစ်ယောက်ဖြစ်သလို ကလေးတွေအတွက်လည်း ဖခင်ကောင်းတစ်ယောက်ထက်ပိုမှာ ပုန်းညှက်သိသည်။
"ချုပ်ရိုးက ကိုက်ရင်ကိုယ့်ကိုပြောနော်"
"ဟုတ်"
YOU ARE READING
A Compatible Spouse [Complete]
FantasíaU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest