U+Z
"ကိုကို ဒါဘယ်လိုမျိုးလဲ"
သူ့စကားကိုနားထောင်ပြီး ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနဲ့တက်တာ သူ့အလုပ်တွေကိုညဘက်ဆို သင်ယူနေပြီဖြစ်သည်။ လိမ်လိမ်မာမာနဲ့သင်ယူနေတဲ့ ပုန်းညှက်ကြောင့်မော်ကွန်းထိန်သာ အခုရက်တွေမှာ သဘောကျနေရသည်။ မနက်ဆို ကျောင်းသွားတက်ညဆိုသူ့အလုပ်တွေကို ကူလုပ်ပေးပြီး မသိတာတွေကိုလည်းမေးမြန်းပြီးလိုက်မှတ်သားသည်။ အခုရက်အတွင်း အိမ်မှာဧည့်သည်ရောက်နေတာကို အပြင်ကိုမပေါက်ကြားဖို့ ဦးစံရင်ကိုလည်းပြောထားရသည်။ အပြင်က ဧည့်သည်တွေဝင်မယ်ဆိုရင်လည်း သူ့ခွင့်ပြုချက်မရှိပဲအထဲကိုမခေါ်ဖို့ပါ မှာထားရ၏။
"သဲငယ် လာတော့"
"နေအုန်း ကိုကိုရဲ့"
အိပ်ဖို့ခေါ်နေတာကိုသူ့ကိုလျစ်လျူရှု့ကာ သူပြထားတဲ့လုပ်ငန်းလုပ်ပုံအဆင့်ဆင့်ကို စာရွက်ပေါက်ထွက်မတတ်ကြည့်နေတာဖြစ်တာကြောင့် မော်ကွန်းထိန်သာ ကုတင်စပ်မှာထိုင်ကာ ကြည့်ပဲကြည့်နေလိုက်သည်။
ပုန်းညှက်မှာ စာရွက်တွေအဆင့်ဆင့်ဖတ်နေရင်း ပြောင်းလဲသွားတဲ့မြေသင်းနံ့တွေကြောင့် သတိပြုမိကာ နောက်ကိုလှည့်ကြည့်လိုက်သည်။ ကိုကို့ရဲ့မြေသင်းနံ့တွေကြားမှာ သူ့ကိုလာတော့လို့ခေါ်နေတဲ့အနံ့တွေ။ ကုတင်စပ်မှာထိုင်ပြီးသူ့ကိုကြည့်နေတဲ့ကိုကို့ပုံကြောင့် ပုန်းညှက်တွန့်တောင်တွန့်သွားသည်။ ကိုကိုကသူ့ကို မျက်မှောင်ကြီးကြုတ်ကာကြည့်နေတာဖြစ်ပြီး အခုချက်ချင်းလာခဲ့လို့ခေါ်နေတာနဲ့တူနေသည်။ ပုန်းညှက် မသိလိုက်ပဲ ကိုကို့ဘေးကိုမြန်မြန်ထသွားမိကာ ကိုကို့ပေါင်ပေါ်တက်ထိုင်မိတာပဲဖြစ်၏။
"သဲငယ် မင်း ကိုယ်ကလာဆိုလာလိုက်ရင်ကောင်းမယ်"
"အခု လာတယ်လေ"
"ကြားမှအချိန်ဘယ်လောက် ဟ သွားလဲ"
"ကိုကိုကလည်း..."
ပြွတ်!
အရင်ကထက်ပိုပြီးချွဲလာတဲ့ကောင်လေးရဲ့နှုတ်ခမ်းရဲရဲကိုနမ်းလိုက်တော့ မျက်လုံးလေးမှေးပြီး လုပ်ချင်တာလုပ်ဆိုတဲ့ပုံစံလာလုပ်နေ၏။ မော်ကွန်းထိန်သာ ပြုံးလိုက်ကာ ကုတင်ပေါ်တင်ပေးလိုက်ပြီး အုပ်မိုးပစ်လိုက်သည်။
YOU ARE READING
A Compatible Spouse [Complete]
FantasyU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest