Finale

9.8K 344 11
                                    

U+Z

"ကောင်းမြတ်"

"အေး"

"မင်းတို့ ကလေးယူတော့မှာလား"

"နေပါအုန်းကွာ၊ ဟိုမှာ သူ့တူတွေတူမတွေနဲ့ ပတ်ပျော်နေတုန်း။ ကလေးယူရင် သူ အရမ်းပင်ပန်းမှာ"

"အဲ့ဒါတော့ဟုတ်တယ်"

ပုန်းညှက်တုန်းကတောင် ဘယ်လောက်ပင်ပန်းခဲ့သလဲ။ ပြီးတော့ ကလေးကသုံးယောက်ဆို‌တော့ ပိုဆိုးသည်။

"မင်း သားတွေသမီးတွေကတော့ အခုနာမည်ကြီးနေပြီ"

အဲ့ဒါလည်းဟုတ်သည်။ မင်္ဂလာပွဲအပြီးမှာ ကလေးတွေနဲ့ဓါတ်ပုံတွဲရိုက်တဲ့သူတိုင်းက အွန်လိုင်းပေါ်တင်ခဲ့ကြတော့ အခုတော့ကလေးသုံးယောက်က နာမည်ကြီးနေသည်။ မင်္ဂလာပွဲအတွက် ကလေးတွေကို အခုလိုပုံစံအတိုင်း လုပ်ပေးလို့ရမလားလို့ ဆက်သွယ်လာသူတွေလည်းရှိသည်။ ကလေးတွေကို လွတ်လပ်စေချင်တာကြောင့် သူတို့တွေကလေးတွေနဲ့ဒီလိုနည်းနဲ့စီးပွားရှာဖို့လည်း မရှိ။

"မင်း ငါ့ကိုတစ်ခု ကူညီအုန်း"

"အင်း ဘာလဲပြော"

"ဒီလိုကွာ..."

မော်ကွန်းထိန်သာ ပြောတာကို ကောင်းမြတ်က သေသေချာချာနားထောင်သည်။ လိုအပ်တာတွေကို နှစ်ယောက်သားတိုင်ပင်ပြီး ချရေးတော့၏။

"ဖေဖေ ပြန်လာပြီ"

"ဖေဖေ!!"

အိမ်ထဲကနေ အသံကုန်ဟစ်ကာ သူ့ဆီပြေးလာတဲ့ သူ့ရဲ့သဲငယ်မွေးပေးထားတဲ့ကလေးသုံးယောက်။ မော်ကွန်းထိန်သာ ထိုင်ကာကလေးသုံးယောက်ကို တပွေ့ကြီးပိုက်ထားလိုက်သည်။

"ဖေဖေ့ ကလေးတွေကို ဖေဖေက တစ်ခုမေးအုန်းမယ်"

သူ့ကိုသုံးယောက်သား ဝိုင်းကြည့်ကြတော့သည်။

"ဖေဖေကလေးတွေက လေးလေးမင်္ဂလာဆောင်တုန်းကလို ပန်းကျဲရအုန်းမယ်ဆို လုပ်ချင်သေးလား"

"လုပ်မယ် ဖေဖေ"

"လတ်လတ်လေးကရော"

"လုပ်မယ်!"

"ငယ်ငယ်လေးကရော"

"မီးလည်းလုပ်မယ်"

"ဟုတ်ပြီ ဒါဆို ဒီကိစ္စကို ဖေဖေတို့ပါးပါးကိုမပြောပဲ ထားကြမယ်၊ ဖေဖေ့ကတိပေးပါအုန်း ပါးပါးကိုပြန်မပြောပါဘူးလို့"

A Compatible Spouse [Complete]Where stories live. Discover now