Part 26

5.4K 341 8
                                    

U+Z

"သဲငယ် ကိုယ်လုပ်မယ် ငြိမ်ငြိမ်ထိုင်နေ"

"ဟင့်အင်း သဲငယ်ကိုယ်တိုင်လုပ်ချင်တာ"

ကိုယ်ဝန် ၆ လကျော်မှအကျင့်တွေကထပ်ပြောင်းသွားပြန်သည်။ တစ်ခုခုဆို အရင်ကသူ့ကိုအမြဲလုပ်ခိုင်းပြီး အခုတော့ကိုယ်တိုင်လုပ်ရမှ။ အခုလည်း နေ့လယ်စာစားဖို့လုပ်ပေးနေတာကို ဇလုံကြီးထဲထမင်းတွေထည့်ကာ ရှိသမျှဟင်းတွေနဲ့နယ်ကာ စားဖို့လုပ်တော့သည်။ သူလုပ်ပေးမယ်ဆိုတာကိုလက်မခံတဲ့သူ့အတွက် မော်ကွန်းထိန်သာ ဗိုက်ဗိုက်အနောက်မှအမြဲရပ်နေရသည်။ ချော်လဲတာဘာညာမဖြစ်စေဖို့အတွက်ရော တစ်ခုခုဆိုအသင့်ထိန်းထားလို့ရအောင်ရော။

"ကိုယ့်ကိုကျွေးပါအုန်း"

"အင်းအင်း ဟ"

ဇွန်းနဲ့ခပ်ကာသူ့ကိုခွံ့လာသည်။ ဧည့်ခန်းကဆိုဖာမှာနောက်ကိုမှီကာ စားနေတာဖြစ်၏။ ဆံပင်လေးတွေက နည်းနည်းတောင်ရှာလာနေပြီဖြစ်ကာ နားရွက်ဖျားကိုအုပ်နေတော့သည်။ အထဲက သားနှစ်ယောက်နဲ့သမီးတစ်ယောက်ကြောင့် ဒီဖေဖေမှာ ခံစားချက်တစ်ခုပြီးတစ်ခုပြောင်းနေပုံပေါ်သည်။ သူ့ pheromones တွေကိုလည်းသဘောတကျရှိကာ တစ်ခါတလေ အတင်းလိုက်နမ်းတတ်သည်။

ရွှတ်!

ထမင်း ပလုတ်ပလောင်းစားနေတာကြောင့် ပူဖောင်းသွားတဲ့ပါးလေးကိုနမ်းလိုက်တော့ ပြုံးကာထပ်စားသည်။

"ကိုကို ချစ်လား"

"ချစ်တာပေါ့ အများကြီးချစ်တာ"

"သိသားပဲ အာ..."

သူ့ကိုထပ်ခွံ့လာပြန်သည်။ အခုဆို ကိုယ်ဝန်က ၇ လထဲရောက်နေပြီဖြစ်ကာ ကျွမ်းကျင်တဲ့ ပညာရှင်တွေပါ ဦးမြတ်ခိုင်ကသူတောင်းဆိုထားတဲ့အတိုင်း ဒီဘက်ကိုခေါ်ပေးထားသည်။ သုံးမွှာပူးဖြစ်နေတာကြောင့် ခွဲစိတ်တာအချိန်ကြာပြီး တခြားစိုးရိမ်ပူပန်ရမှာတွေမလိုချင်။

"သားနှစ်ယောက်နဲ့သမီးကတော့ သူတို့စားချင်တိုင်းစားပေးနေလို့ ဒီဖေဖေ့ကိုချစ်နေကြလိုက်မှာ"

"ဟီးဟီး စားချင်တိုင်းကျွေးနေတယ် ဒီဒယ်ဒီ့ကိုလည်းချစ်မှာ"

A Compatible Spouse [Complete]Where stories live. Discover now