U+Z
အလုပ်ပြန်ဆင်းနေတဲ့မော်ကွန်းထိန်သာကတော့ အခုလောလောဆယ် operation တွေမဝင်သေးပေ။ အခုလောလောဆယ်တော့ ဖုန်းဆက်ပြီး 'ကိုကို ညနေပြန်လာရင် စတော်ဘယ်ရီသီးဝယ်ခဲ့နော်' လို့လှမ်းမှာတဲ့ကောင်လေးကြောင့် ညနေပြန်ရင်စတော်ဘယ်ရီ အလုံးချောချောတွေရွေးဝယ်ဖို့ စဉ်းစားထားရသေးသည်။
"ကောင်းမြတ် အိမ်လာမလည်တော့ဘူးလား"
"မင်းတို့ဖြစ်နေပုံကိုမခံစားနိုင်လို့ မလာတော့ဘူး"
ကောင်းမြတ်အပြောကြောင့် မော်ကွန်းထိန်သာရယ်လိုက်သည်။ ဒါတောင် သူထမင်းမကျွေးခိုင်းတာကို ခိုးကျွေးမှန်းသိရင်ဘာပြောမလဲမသိ။
"ထိန်သာ ငါဒီနားက marketplace ခဏသွားလိုက်အုန်းမယ်"
"အေး နေအုန်း နေအုန်း"
"ဘာလဲ ဘာမှာအုန်းမလို့လဲ"
"စတော်ဘယ်ရီ ကောင်းကောင်းတွေ့ရင် ဝယ်ခဲ့ပေးအုန်း"
"ပုန်းညှက်မြိုင်မှာတာမှဟုတ်ရဲ့လား"
"မင်းကလည်းကွာ ရှည်လိုက်တာ"
နောက်ဆုံးတော့ အဖြည့်ခံဖြစ်တဲ့သူကပဲ စတော်ဘယ်ရီသီးကို မှာလိုက်တဲ့အတိုင်း ရွေးဝယ်ခဲ့လိုက်ရသည်။
"ကိုကောင်းမြတ်"
"ဟာ ဆရာ၊ ဆရာလည်းဒီကိုလစ်ထွက်လာတာလား"
"ဟုတ်တယ်ဆရာရေ တူသမက်က ချဉ်ခြင်းတက်နေတော့ ထောပတ်သီးဆိုလို့ ကြုံတုန်းလေးလာဝယ်လိုက်တာ"
"ဟုတ်ကဲ့ဆရာ ကျွန်တော်တော့ပြီးပြီ စောင့်ရအုန်းမလား"
"ရတယ် ရတယ် သွားနှင့်လိုက်နော်"
အရေးထဲကုန်တိုက်မှာ ဆေးရုံတစ်ခုထဲက ဒေါက်တာနဲ့လာတွေ့ရတယ်လို့။ အရင်ဝယ်ပြီးသွားတဲ့ ကောင်းမြတ်ကတော့ ဆေးရုံကိုအမြန်ပြန်လိုက်သည်။ အကြာကြီးအပြင်ကိုထွက်လို့မကောင်း။
"ထိန်သာ ရော့"
"သေသေချာချာရွေးလာသေးလား"
"ဝယ်လာပေးတာကံကောင်း ဘာကိုချေးလာများနေတာလဲ"
"အေးပါကွာ ကျေးဇူးတင်ပါတယ်"
YOU ARE READING
A Compatible Spouse [Complete]
FantasyU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest