Part 13

5.7K 390 10
                                    

U+Z

အိမ်မှာဖေဖေပြန်ရောက်နေတာဆိုတော့ သူတို့ထရေးဒါစ်မှာညစာသွားစားဖြစ်ကာ ဖေဖေ့မိတ်ဆွေတွေနဲ့ပါ တွေ့ကြသည်။ ဖေဖေပြန်ရောက်တုန်း ဖေဖေ့မိတ်ဆွေတွေကလည်း အလျင်မှီအောင် တွေ့ကြဖို့စောင့်စားနေ၏။ ဖေဖေက နာမည်ကြီးတာကို။ ဗမာတွေထဲလည်းဝင်ဆံ့သလို ဗြိတိသျှအရေးပိုင်တွေနဲ့လည်း သဟဇာတဖြစ်သည်။ ဒါကြောင့်လည်း ဖေဖေက နာမည်ရနေတာ။

"ဒါ ကိုလှသောင်းသမီးလားဗျ"

"ဟုတ်တယ် ကိုဘမှန်"

"သမီးအိုမီဂါအလှလေးပဲ ဒီလိုမှန်းသိ ကျုပ် သားကိုခေါ်လာပါတယ်"

လူကြီးတွေဆုံလို့သူ့ကိုမြင်ရင် သူတို့သားသမီး alpha တွေနဲ့ပေးစားချင်ကြတာကြီးပဲ။ အိုမီဂါအလှလေးဖြစ်သလို မိဘအသိုင်းအဝိုင်းကလည်း ခေသူတွေမဟုတ်တော့ အားလုံးက သဘောကျကြသည်။ မြတ်လေးကိုကြည့်ပြီး ဖေဖေကတော့ပီတိတွေဖြစ်နေတာပေါ့။ မြတ်လေးက ဖေဖေ့အတွက်မျက်နှာပွင့်တဲ့ သမီးလေးအိုမီဂါလေးမဟုတ်လား။ ဒါကြောင့်လည်း မြတ်လေးဘာပူဆာပူဆာ မရတာမရှိ။

"ဖေဖေ မန္တလေးဘယ်တော့ပြန်မှာလဲ"

"တစ်ပတ်လောက်နေအုန်းမယ်လေ သမီး"

"ကောင်းတယ် ဖေဖေရှိတော့သမီးအဖော်ရတာပေါ့"

မြတ်လေးကလည်းဖေဖေ့ကိုခင်တွယ်သည်။ ဖေဖေကလည်းမြတ်လေးကိုချစ်သည်။ သူတို့ပြန်လာချိန် အိမ်ရှေ့နားရောက်တော့ မြတ်လေးငုံ ရင်နည်းနည်းတုန်သွားသည်။ အကြောင်းကတော့ ခြံရှေ့မရောက်တစ်ရောက်မှာ မော်ကွန်းထိန်သာ ရှိနေတာကြောင့်။

"သမီးနဲ့ရည်ငံနေတဲ့တစ်ယောက်လား"

မြတ်လေး ဖေဖေ့ကိုမျက်လုံးပြူးပြီးကြည့်မိနေသည်။ ဖေဖေက အားလုံးသိနေတာလား။ မန္တလေးမှာနေတဲ့ ဖေဖေကဘာဖြစ်လို့ ဒီလောက်သိနေရတာလဲ။

"သမီး ဆင်းကျန်ခဲ့ချင်လား"

လှန်ချားနဲ့ပြန်လာတဲ့သားအဖနှစ်ယောက်က ပွင့်လင်းလှသည်လို့ လန်ချားဆွဲသမားကထင်သည်။ သမီးရဲ့ အိမ်ထောင်ရေးရာကို အဖေကပွင့်ပွင့်လင်းလင်းဝေဖန်ပြီး မျက်လုံးရှေ့မှာ ချိန်းတွေ့ဖို့အတွက် ထားခဲ့မယ့်ပုံစံဖြစ်နေ၏။ မြတ်လေး အပြင်မှာဆင်းကျန်ခဲသည်။ ဖေဖေကတော့ လှန်ချားကိုအိမ်ထဲအထိရောက်အောင် ဆွဲခိုင်းပြီးဝင်သွားပြီဖြစ်သည်။

A Compatible Spouse [Complete]Where stories live. Discover now