U+Z
"ဖိုးဖိုးကိုအပ်ပါတယ် ဒေါက်တာ"
"ဟုတ်ကဲ့ စိတ်ချပါ"
ကိုကို့ကြည့်ရတာသူ့ကိုမှတ်မိပုံမပေါ်။ အင်းလေ မှတ်မိရအောင် ဒီဘဝရဲ့အတိတ်မှမဟုတ်ပဲ။ လူဝင်စားမှာ ပြီးခဲ့တဲ့ဘဝကိုမှတ်မိတာဆိုလို့ သူပဲရှိလိမ့်မလား။
မော်ကွန်းထိန်သာ ဦးသာဒီးကိုနှုတ်ဆက်စကားပြောရင်း သူ့ကိုတစ်စုံတစ်ယောက်စိုက်ကြည့်နေတယ်လို့ ခံစားနေရသည်။ ဘယ်သူစိုက်ကြည့်နေတာလည်းလဲ သူသိနေ၏။ အဖိုးဦးသာဒီးရဲ့မြေးအကြီးဆိုသူက သူတံခါးဖွင့်ပြီးဝင်လာထဲက သူ့ကိုစိုက်ကြည့်နေပြီး နှုတ်ခမ်းတွေကတဆက်ဆက်တုန်နေသလို။ သူ့ကိုမြင်ပြီး ပြုံးကာမျက်ရည်တွေဝဲနေတာလား ဘာလားသူသေချာမသိပေမယ့် မျက်ရည်တွေဝဲနေတာလို့ ထင်သည်။
"ဖိုးဖိုး လိုအပ်တာတွေစစ်ဆေးဖို့ ဒီဘက်ကဒေါက်တာတွေလုပ်ပေးပါလိမ့်မယ်"
ဖိုးဖိုးအတွက်လိုအပ်တာတွေအားလုံးကို စစ်ဆေးဖို့သက်ဆိုင်ရာဒေါက်တာတွေကို တာဝန်ခွဲပေးရသည်။ ရလာတဲ့မှတ်ချက်တွေကြည့်ပြီး ဘယ်အပိုင်းဒေါက်တာတွေကိုပါ ခွဲခန်းထဲထည့်ဖို့ မထည့်ဖို့စဉ်းစားရမှာ ဖြစ်သည်။
"ဟို ဒေါက်တာနဲ့နှစ်ယောက်ထဲ စကားပြောလို့ရမလား"
လူနာရှင်ကခွင့်တောင်းနေတာကိုမှသူကခွင့်မပြုလို့ဖြစ်မလား။ သူ့နားနေခန်းကိုခေါ်သွားလိုက်၏။
ကျွီ!
တံခါးကိုဖွင့်ပြီး လူနာရှင်အထဲကိုရောက်မှာ မော်ကွန်းထိန်သာ တံခါးဘက်ကိုပြန်လှည့်ကာ တံခါးကိုပိတ်လိုက်၏။ တံခါးပိတ်ပြီးတာနဲ့ ခါးကိုလက်တစ်ခုရစ်ပတ်လာပြီး ကျောကိုလာအပ်တဲ့ လူနာရှင်။ စက္ကူနံ့သင်းသင်းကြောင့် သူပြုံးမိနေသည်။
"လူနာရှင်!"
"သဲငယ် နာမည်က ပုန်းညှက်မြိုင်"
"ဟုတ်ကဲ့ ပုန်းညှက်မြိုင် ခါးကလက်ကိုခဏလောက် ဖယ်ပေးလို့ရမလား"
ထိုအခါမှသူ့နောက်ကနေခါးကိုဖက်ထားတဲ့လက်တွေကိုဖယ်ပေးသည်။ သူပြန်လှည့်ကြည့်တော့ သူ့နဲ့မျက်လုံးချင်းဆုံအောင်ကြည့်နေတဲ့ပုန်းညှက်မြိုင်ရဲ့မျက်ဝန်းတွေကမျက်ရည်တွေနဲ့။ လူနာရှင်တွေက သူ့ကိုအလေးပေးဆက်ဆံတာတို့ ဆွဲဆောင်ခံရတာတို့ရှိတာတွေကြောင့် ဒီလိုကိစ္စတွေကအသားကျပြီးသား။ သို့ပေမယ့် ကိုယ့်ကိုမြင်တာနဲ့မျက်ရည်ဝဲသွားတာနဲ့ခါးကိုပြေးဖက်တဲ့ လူရယ်လို့မရှိ။ ဒီတစ်ယောက်ဒီလိုလာလုပ်တာကိုလည်း စိတ်ကမသက်မသာတော့မဖြစ်။
YOU ARE READING
A Compatible Spouse [Complete]
FantasyU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest