U+Z
"ဟေ့ရောင် ထိန်သာ"
"အင်း"
"မင်းအိမ်လိုက်လည်အုန်းမယ်"
"အင်း လိုက်ခဲ့လေ"
"ငါ့ကောင်ကြီးပျော်နေတာ ဘေးကငါတောင်အားကျ"
အားကျနေတယ်ဆိုတဲ့ကောင်းမြတ်ကြောင့် မော်ကွန်းထိန်သာရယ်လိုက်သည်။ တကယ်လည်း သူပျော်နေတာဟုတ်နေတာပဲ။ မနက်အလုပ်သွားချိန်ဆို ပုန်းညှက်ကို ဖိုးဖိုးဆီလိုက်ပို့ပြီး ညနေဝင်ခေါ်ပြီးမှပြန်ကြသည်။ ဖိုးဖိုးတို့နဲ့တစ်ခါတလေ ညစာအတူတူစားပေမယ့် တစ်ခါတလေ သူတို့နှစ်ယောက်ထဲအတူတူစားချင်တာကြောင့် ဖိုးဖိုးတို့နဲ့အတူတူမစားဖြစ်။
"ဒေါက်တာ မော်ကွန်းထိန်သာ"
"ဟုတ်ကဲ့ ဆရာမ"
သူနာပြုတစ်ယောက်ရောက်လာကာ လူနာတစ်ယောက်ကြည့်ပေးဖို့လာပြောတာဖြစ်သည်။
"လူနာက ရန်ရှာနေလို့ဒေါက်တာ အနားလည်းကပ်လို့မရဘူး"
"ဘယ်လိုဖြစ်တာလဲ လာခဲ့မယ်"
မော်ကွန်းထိန်သာ သူနာပြုနောက်ကိုလိုက်သွားလိုက်ရသည်။ လူနာကခွဲစိတ်ဓါးကိုကိုင်ထားပြီး သူ့ကိုဝိုင်းကြည့်နေတဲ့သူတွေကို ဂနာမငြိမ်တဲ့မျက်လုံးတွေနဲ့ကြည့်ကာ အသက်ရှူတာက ငြိမ်မနေပေ။
"အနားတိုးမလာနဲ့"
သူလျှောက်လာတာကိုမြင်လိုက်ကာ ချက်ချင်းဓါးနဲ့ချိန်ရွယ်ကာ အော်ထုတ်တော့သည်။ မော်ကွန်းထိန်သာ pheromones တွေဖိနှိပ်ကြည့်ပေမယ့် သူ့ကိုပြန်တိုက်ခိုက်လာတဲ့ pheromones တွေ။
"စိတ်ကိုငြိမ်ငြိမ်ထား ဆရာက မင်းမှာဖြစ်နေတဲ့ ဝေဒနာတွေကို ကုသပေးမှာ ဟုတ်ပြီလား"
"မယုံဘူး အနားမလာနဲ့"
"ဆရာ့ကိုယုံလို့ရတယ်ဟုတ်ပြီလား ဆရာ့ကိုပဲကြည့် တခြားသူတွေကိုမကြည့်နဲ့နော်"
မော်ကွန်းထိန်သာ ချော့မော့ကာအနားကိုတိုးကပ်သွားရသည်။ သူ့ကိုပဲကြည့်နေဖို့ကိုလည်း အဆက်မပြတ်ပြောပြရ၏။ လူနာကသူ့ကိုကြည့်နေပြီး အသက်ရှူမှန်လာတယ်ထင်တာကြောင့် မော်ကွန်းထိန်သာအနားကိုခပ်မြန်မြန်တိုးကပ်သွားကာ လက်ထဲကဓါးကိုယူဖို့လုပ်လိုက်သည်။
YOU ARE READING
A Compatible Spouse [Complete]
FantasyU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest