U+Z
"ရစ်ချက်ထိန်နဲ့တွေ့ချင်လို့"
အိမ်တိုင်ရာရောက် ရောက်ချလာတဲ့မြို့ဝန်မင်း။ မော်ကွန်းထိန်သာ ဗိုက်လေးထွက်နေပြီဖြစ်တဲ့ ပုန်းညှက်ကိုအခန်းထဲမှာပဲနေစေပြီး အောက်ကိုဆင်းလာခဲ့လိုက်သည်။
"မြို့ဝန်မင်း ဒီအထိလာခဲ့တာ အရေးကြီးလို့လား၊ အခေါ်လွှတ်လိုက်တာမဟုတ်ဘူး"
"ဘယ်ဟုတ်မလဲဗျာ ရန်ကုန်မြို့ကြီးထဲ ရောဂါအခြေအနေလှည့်ပတ်ကြည့်ရင်း လမ်းကြုံလို့ဝင်လာတာ"
"ထိုင်ပါ မြို့ဝန်မင်း"
ဘာကြောင့်လာခဲ့တာလဲဆိုတာ မော်ကွန်းထိန်သာသိတာပေါ့။ သူ့အိမ်ကိုဝင်ရှာသွားတဲ့နောက်မှာ ဗြိတိသျှတွေနဲ့အပေါ်ဘက်လူကြီးတွေကိုထောက်ပံ့ပေးနေတာတွေအားလုံး သူဖြုတ်ချခဲ့လိုက်တာ။ ဖြုတ်ချရုံတင်မဟုတ်ပဲ သူ့ကိုလုပ်ခွင့်ပေးပြီးသူတို့အမြတ်အစွန်းရယူထားတဲ့လုပ်ငန်းတွေအားလုံးကိုလည်း သူဆက်ပြီးလက်တွဲလုပ်ဖို့ရပ်တန့်ခဲ့သည်။ မြို့ဝန်မင်းရောက်လာတာ ဒီကိစ္စတွေကြောင့်ဆိုတာ မော်ကွန်းထိန်သာ မသိပဲနေလား။
"လုပ်ငန်းတွေရော လည်ပတ်ရဲ့လား ရစ်ချက်ထိန်"
"လည်ပတ်ပါတယ်၊ ကျုပ်လည်း လုပ်ငန်းတွေအရင်လို လိုက်မလုပ်နိုင်တော့ဘူးလေ"
မြို့ဝန်မင်းမှာထိုစကားကြောင့် မျက်ခုံးပင့်သွားသည်။ ဘိလပ်ပြန်ရစ်ချက်ထိန်က အိမ်တိုင်ရာရောက်အထိ သူရောက်လာတာကိုမရိပ်မိပဲမနေ။ ဒါကြောင့်ပဲ စကားတွေခံသလား။
"ရစ်ချက်ထိန်ရဲ့အိုမီဂါရော အဆင်ပြေရဲ့လား"
"အဲ့ဒါကြောင့်ပဲ ကျုပ်ကသူ့အနားရှိနေပေးရတာပေါ့ မြို့ဝန်မင်း၊ ဘယ်မှလည်း သိပ်မသွားဖြစ်ဘူးလေ အားလုံးကို ကျုပ်လူတွေနဲ့ပဲလွှဲထားရတာ...မြို့ဝန်မင်း လာတဲ့အကြောင်းရင်းကို အားမနာပဲပြောပါ ရပါတယ်"
"ကျုပ်တို့လုပ်ငန်းသစ်တွေရထားတော့ ရစ်ချက်ထိန်ကိုကမ်းလှမ်းချင်တာလဲ ပါတာပေါ့ ရစ်ချက်ထိန် ဘယ်လိုသဘောရလဲမသိဘူး"
မြို့ဝန်မင်းစကားကိုထိန်းပြောလိုက်သည်။ အမှန်တော့လုပ်ငန်းသစ်ဆိုတာထက် သူမလုပ်နိုင်တော့ပါဘူးလို့ ပြန်ပေးလာတဲ့ လုပ်ငန်းတွေကိုပဲပြန်ချပေးချင်တာဖြစ်သည်။ ရစ်ချက်ထိန်ကိုချပေးထားတဲ့လုပ်ငန်းတွေက သူတို့အတွက်အမြတ်အစွန်းကပိုရပြီး လူရင်းတွေဆိုတော့ပြောလို့ဆိုလို့လည်းကောင်းတာပေါ့။
YOU ARE READING
A Compatible Spouse [Complete]
FantasyU+Z 24 ပုဒ်မြောက် ABO (Omegaverse World) Picture from Pinterest