Part 8

5.7K 381 6
                                    

U+Z

ပုန်းညှက်မှာကျောင်းကို ကိုကို့အိမ်ကပဲတက်နေသလိုဖြစ်နေသည်။ ကိုကို့ဆီကိုပဲပိတ်ရက်တိုင်းအမြဲရောက်ဖြစ်နေပြီး ကိုကိုက တစ်ပတ်မှာတစ်ခါ သူ့ကိုလိုက်ပို့နေရ၏။ ကျောင်းကို ၅ ရက်တက်ပြီးကျန်တဲ့ ၂ ရက်ကကိုကို့အိမ်မှာဖြစ်ကာ ကိုကို့အလုပ်တွေကူပေးလိုက်၊ လိုတာတွေလုပ်ပေးလိုက်နဲ့သူ့ဘဝလေးက ပျော်ဖို့ကောင်းနေ၏။ ပိတ်ရက်တွေမှာကိုကိုနဲ့ အပြင်လျှောက်လည်ပြီး စာအုပ်ဆိုင်သွားရတာလည်းကြိုက်သည်။ စာအုပ်ဆိုင်မှာ စာအုပ်တွေဖတ်ရင်း သဘောကျတဲ့စာအုပ်မျိုးတွေကို တစ်ခါထဲဝယ်ခဲ့လိုက် ကိုကိုနဲ့အတူတူဘုရားတက်လိုက်နဲ့ သူတို့ရဲ့နေ့ရက်တွေက သာသာယာယာနဲ့သဘောကျဖို့ကောင်းသည်။ တစ်ခါတလေ ကိုကိုနဲ့အတူတူ ကမ်းနားကိုသွားပြီး အကြော်လည်းသွားစားသေးတာဖြစ်၏။ ကိုကိုနဲ့အတူတူရှိရင်ဘာလုပ်လုပ် သဘောကျဖို့ကောင်းနေသည်။ ကိုကို့ဆီကမြေသင်းနံ့လေးကသူ့အနားအမြဲရှိတာလည်း ကြိုက်သည်။

"နောက်တစ်ပတ် ကိုယ့်ဆီမလာခဲ့နဲ့"

"ဟင် ဘာဖြစ်လို့လဲကိုကို ရှုပ်လို့လားဟင်"

"မရှုပ်ပါဘူး ကိုယ်လုပ်စရာရှိနေလို့"

ကိုကိုကသူ့နောက်ကွယ်မှာ တခြားအိုမီဂါနဲ့တွေ့ဖို့လား။ ဒီလိုကမဖြစ်နိုင်။ ကိုကိုကဒီလိုလူမျိုးမှမဟုတ်ပဲ သူကဘာကြောင့်ဒီလိုထင်ရတာလဲ။ သူက ပိတ်ရက်တိုင်းကိုကို့ဆီလာနေပြီး ရှုပ်မိနေပြီလား။

"ဘာဖြစ်သွားတာလဲ"

"ဘာမှမဖြစ်ဘူး ကိုကိုလုပ်စရာရှိတာလုပ်နော်၊ သဲငယ်က ရှုပ်မိနေမှာပဲဆိုးတာ"

"မရှုပ်ပါဘူး ကိုယ်က သဲငယ်ကိုကိုယ့်အနားမှာအမြဲရှိစေချင်တာ ယုံလား"

"ယုံတယ် အဟိ"

ပြောရင်းနှုတ်ခမ်းလေးကိုပါလက်လေးနဲ့ပိတ်လိုက်သေးတာဖြစ်သည်။ အနားမှာထားရင်းပိုပိုလှလာတဲ့ ပုန်းညှက်မြိုင်ကိုကြည့်ပြီး သူသာမြတ်လေးငုံမောင်မဟုတ်ရင် အကောင်းသားလို့တွေးမိတဲ့အခိုက်အတန့်ရှိသည်။ ကိုယ်နဲ့သူပတ်သက်မိတာ ရှင်းရှင်းလင်းလင်းဆိုပေမယ့် ပတ်သက်ပြီးမှ သိသွားရတဲ့အခိုက်အတန့်ကသူ့စိတ်ကို မသက်သာစေဘူးဖြစ်သွားသည်။ ပတ်သက်ပြီးမှသိခဲ့ရတဲ့အသိတစ်ခုနဲ့အတူ သူ့ကိုရှေ့ဆက်တိုးစေတာကဘာလဲ။ ပုန်းညှက်မြိုင်ကြောင့်ပဲလား သူ့မိသားစုကြောင့်လား။ မော်ကွန်းထိန်သာ ပုန်းညှက်မြိုင်ကိုလိုက်ပို့ပြီး ဘားမားရေနံကုမ္ပဏီကိုဝင်ခဲ့လိုက်သည်။ သူ့ငွေထည့်ပြီးတော့အခုမှ ထပ်ပြီးဝင်တွေ့ဖြစ်တာဖြစ်ပြီး လုပ်ငန်းအခြေအနေကိုလည်းသိချင်တာကြောင့်ဝင်ခဲ့လိုက်တာဖြစ်၏။ သူ့မှာဝင်ငွေများဖို့လိုအပ်နေတာကြောင့် ငွေအများစုကိုဟိုလုပ်ငန်းနည်းနည်း ဒီလုပ်ငန်းနည်းနည်းထည့်ဝင်ထားရတာဖြစ်သည်။

A Compatible Spouse [Complete]Where stories live. Discover now