Unicode
Caligari....
ဘယ်သူမှ မမြင်နိုင်တဲ့ ဒဏ်ရာတွေပေါ့။
ဘယ်သူမှ သိခွင့်မရှိဘူး။
ကျိန်စာသင့်နေတဲ့ ပဟေဋိတစ်ခုလို အဖြေကို ရှာဖွေဖို့ကြိုးစားမိရင်ကိုယ်တိုင်ပျောက်ဆုံးရမှာဖြစ်သကဲ့သို့
ပတ်ခ်ဆောင်ဟွန်းဆိုတဲ့ လူသားအပေါ် သနားကရုဏာသက်မိသူမှန်သမျှဟာ ပတ်ခ်ဆောင်ဟွန်းကိုယ်တိုင်ရဲ့ ဖျက်စီးခြင်းကို ခံရမှာ ဖြစ်သည်။
နတ်ဘုရားတစ်ယောက်လို အရှိန်အဝါ အပြည့်နဲ့ ပတ်ခ်ဆောင်းဟွန်းဟာ
သူ့ရဲ့ နာကျင်ပင်ပန်းမှုတွေကို တစ်လောကလုံးမှာ ဘယ်သူမှ သိခွင့်မရှိနိုင်အောင် တစ်သက်လုံး ဖုံးကွယ်သွားလိုသတဲ့။.............................
ခြေထိပ်ဖျားလေးတွေက ကြမ်းခင်းနဲ့ အကြိမ်ဖန်ပေါင်းများစွာ ထိတွေ့ရပြီးနောက် ပွန်းပဲ့လွန်းလို့ သွေးစို့လာရသည်။
အချိန်ကြာမြင့်စွာ ထောက်ထားရတဲ့ ခြေဖျားဟာ တစစ်စစ် နာကျင်လာရပေးမယ့် သူရပ်တန့်လိုက်ဖို့ ဆန္ဒမရှိဘူး။
လေအဝှေ့မှာ ကမျောကပါးလွင့်ရတဲ့ မက်မွန် ပွင့်ချပ်လေးတစ်ချပ်လို ပျံဝဲမျောလွင့်နေသည့် မိမိကိုယ်ခန္ဓာကို မက်မောမိလွန်းလို့။
လေပြေပြေမခတ်ပေမယ့် လူးခါနေရသည့် ဆံနွယ်တို့ကသာ သူ၏ စိတ်ဝိဥာဥ် ခိုနာရာမလို့။
အတောင်ပံတစ်စုံလို စိတ်နှင်ရာအတိုင်း ယိမ်းနွဲ့နေတဲ့ လက်သွယ်သွယ်က ယူကြုံးမရခြင်းကို ဖော်ညွှန်းဖို့ ရင်အုံကို နွမ်းလျလျ ယှက်သွယ်လို့ထားသည်။"Odette က သူမ သစ္စာဖောက်ခံရပြီး နန်းတော်ထဲက ပြန်ပြေးထွက်လာတဲ့အချိန်မှာ ရင်တွေကွဲမတတ်ထိ ခံစားရမှာ"
ရင်အုံကို ကျိုးကြေလုနီးနီး ဖိယှက်ထားရင်း swan lake ပုံပြင်ကို သရုပ်ဖော်ကပြနေသည့် ဆောင်ဟွန်းက ငန်းမလေး Odette နေရာကို အစားထိုး ခံစားလို့ ဆို့ဆို့နစ်နစ်ဆိုသည်။
ဆောက်တည်ရာမရစွာ သည်းခြေပျက်သကဲ့သို့ ပြေးလွှာခုန်ပေါက်ကာ ပြင်းထန်သည့် ဝေဒနာကို ခံစားနေရကြောင်း ဖော်ညွှန်းကပြနေသည့် ဆောင်ဟွန်း၊ တစ်ခနချင်းမှာပင် ညှင်သာသော ဝင်သက်ထွက်သက်တို့ဖြင့် ဆွေးမြေ့ကြွေကွဲကာ ယိုင်နဲ့ပျက်စီးတော့မည့် ကိုယ်ဟန်ပြောင်းလို့ အသွင်ယူသည်။
နောက်ဆုံး Odette ဟာ သေဆုံးဖို့ကို ရွေးချယ်သွားတဲ့ ကကွက်အထိ မုန်းတီးမှု၊ကြေကွဲဆို့နင့်မှု၊သနားကရုဏာသက်မှု ခံစားချက်အရောင်ပေါင်းစုံအောင်လွင်သည့် ဆောင်ဟွန်းရဲ့ ပြောင်မြောက်ရဲ့ အနုပညာမှာ အခန်းအတွင်းရှိ လူတို့ မေ့လျော့နေသည်က အသက်ရှူရန်သာ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette