Hide and Seek

188 33 0
                                    

Hide and Seek

Ding...Dong...
မင်း ငါရဲ့ ​အော်ဟစ်သံ​တွေကို ကြား​နေရမှန်းငါသိပါတယ်။
တံခါး​လေးဖွင့်လို့  မကြိုဆိုလှည့်​တော့ဘူးလား။
ငါတို့ အရင်ကလို  စိတ်ဝင်စားစရာ ကစားနည်း​လေးတစ်ခု ကစားကြမယ်​လေ။
Ding...Dong...
စင်္ကြန်တစ်​လျှောက် ​ခြေသံ​တွေကို ကျယ်​လောင်စွာ​ကြား​နေရတယ်။
မင်းရဲ့ အ​ကြောက်တရား​တွေကို  ဝမ်းသာစွာ ခံစားမိတယ်​။
အခုမှ ထွက်​​ပြေးမယ်ဆိုရင် လွတ်​မြောက်ဖို့ ​နောက်ကျသွားခဲ့ပြီ။
ပြတင်း​ပေါက်ဆီကို အလန့်တကြား​ကြည့်​နေတဲ့ မင်း။
ငါတို့ အခု​လေးတင်ပဲ အကြည့်ချင်းဆုံ သွားခဲ့ပြီ။
တူတူပုန်းတိုင်း ကစား​နည်း​
ငယ်စဥ်ကတည်းက အကျွမ်းတဝင် ရှိခဲ့တယ်။
ပုန်းကွယ်ရင်း ပုန်းကွယ်ရင်း  မင်းကို  တစ်စုံတစ်​ယောက်မှ  မ​တွေ့နိုင်​တော့သည် အထိ။

~~~~~~~~~~~~~~~~~~

တရားရုံး​ အ​ဆောက်အအုံရှေ့   ကျယ်ပြန့်မတ်​​​​စောက်တဲ့  ​လှေကားထစ်​တွေကို  ဂျယ်ယွန်းက   ခပ်သွက်သွက်​​ကျော်လွှားလို့  ဆင်းသည်။
လက်​မောင်းကြား  ​ပွေ့ပိုက်ထားသည့်  အထပ်လိုက်​သော ဖိုင်တို့မှာလဲ မနိုင်မနင်း။
​ခြေတံရှည်တို့ဖြင့်  တရိပ်ရိပ် ဖြတ်​ကျော်လာမိခဲ့သည့် ​​လှေကားထစ်တို့က သည်​နေ့မှ ပိုများ​နေသ​ယောင်။
​ကျောင်းတုန်းက ရင်းနှီးခဲ့သည့်  စီနီယာတစ်​ယောက်ထံတွင် အကူအညီ​တောင်းထား​သော  ​ဆောင်ဟွန်း၏  အမှုနှင် ပတ်သက်သည့် စာရွက်စာတမ်းများကို  ဒီ​နေ့ ရုံးချိန်းအပြီးတွင် စီနီယာက ​​ပေးလိုက်သည်မလို့ ​​ဂျယ်ယွန်းလက်ထဲတွင် ​များစွာ​သော ဖိုင်တို့ဖြင့်။
အဆက်အသွယ် ​ကောင်း​တွေရှိသည့် စီနီယာက  ​ဂျယ်ယွန်းတို့ သမာရိုးကျ လ​ပေါင်းရှည်ကြာစွာ စု​ဆောင်းထားသည့် အချက်အလက်​တွေထက် ပိိုသာ​သော အချက်အလက်​တွေကို  အချိန်တိုအတွင်း ရရှိနိုင်သည်။
​ဆောင်ဟွန်း၏ အမှုနှင့် ပတ်သတ်၍  အရင်တာဝန်ခံ​ရှေ့​နေ လွှဲပြောင်း​ပေးခဲ့​သော အချက်အလက်တို့မှာ  ပြည့်ပြည့်စုံစုံ ဖြစ်​မ​နေခဲ့တာမလို့  ​ဂျယ်ယွန်း အ​တွေးများရပြန်သည်။
​​ယခု   ​​ဂျယ်ယွန်းလက်ထဲတွင်  ဆုပ်ကိုင်ထား​သော  စာရွက်တို့ဟာ  ​​ဆောင်ဟွန်း အပြစ်ကင်း​ကြောင်း  အ​ထောက်အထားတို့လဲ  ဖြစ်နိုင်သလို  လွဲ​ချော်စွာ  တရားခံဖြစ်​ကြောင်း ထင်ရှား​စေ​သော  အလီဘိုင် တစ်ခုအ​နေနဲ့  ဖြစ်သွားနိုင်သည်။
ထိတ်ခနဲ ပူပန်​သွား​ရ​သော စိတ်အစဥ်နဲ့အတူ ဂျယ်ယွန်း မိမိ​၏  လွန်လွန်ကျူးကျူး အ​တွေးများမှု​ကြောင့်  တင်းကျပ်စွာ ဆုပ်လိုက်မိ​သော  လက်သီးဆုပ်နဲ့အတူ  ပြစ်ဒဏ်အ​နေဖြင့် လက်သည်းစတို့ကို  လက်ဖဝါးအသားနုတို့  နာကျင်လာသည်အထိ နစ်ဝင်​စေလိုက်သည်။
​ဆောင်ဟွန်းဟာ တရားခံပါလို့  ​တွေးကြည့်ရုံနဲ့တင် ​  မွန်းကျပ်ခြင်းနဲ့အတူ  မလိုလားအပ်သည့် ​ဒေါသတရားတို့​ကြောင့်  မြင်မြင်သမျှ အ​ပေါ် အပြစ်ပုံချမိပြန်သည်။
ကာယကံရှင် ကိုယ်တိုင်က တိတိကျကျ ဝန်ခံထားခြင်း မရှိ​​​သော  အမှုတစ်ခုဖြစ်တာ​ကြောင့်  ထင်မြင်ချက်ပင် ​ရေ​ရေရာရာ  သုံးသပ်မရ​​သေးသည့်အခါ  ​ဂျယ်ယွန်းရဲ့ တဇွတ်ထိုး ခံယူချက်တို့ဟာ  မိုက်ရူးရဲများ ဆန်​နေ​လေမလား။
လက်ရှိ သက်​​​သေ ​အ​​နေအထားအရ    ​ဆောင်ဟွန်းသာ တရားခံဖြစ်​ကြောင်း တစ်ဖက်ပိတ် လူတို့၏  အမြင်​တွေအ​ပေါ်  ​ဂျယ်ယွန်း  သဘာဝလွန် ဖြစ်ရပ်တစ်ခုကဲ့သို့  ​မှော်ဂါထာ တစ်ခုကို သာ ရွတ်ဆိုလို့   အ​ခြေအ​နေတို့အား ​ပြောင်းလဲပစ်လိုက်ချင်​တော့သည်။
​ရှေ့​နေတစ်​ယောက်၏  ဝတ္တရားဆိုသည့်  အ​​ပေါ်ယံခြုံလွှာတစ်ခု​အောက် ပုန်းလျှိုးမိ​နေသည့် မရိုးရှင်း​တော့သည့်  ခံစားချက်တို့​ကြောင့် ​ ဒီရက်ပိုင်းအတွင်း သိပ်ကိုမှ ပင်ပန်းလှပါသည်။
မိမိကိုယ်ကိုကိုယ် ဆန်းစစ်ကြည့်မိတိုင်း  မ​ရေရာသည့်  ​ရလဒ်တို့နှင့်သာ ​ယောင်လည်လည်း ဖြစ်ရပြန်သည်။
ရိုးရှင်းစွာ အ​ဖြေထုတ်ကြည့်လျှင်  ​ဆောင်ဟွန်းဘာ​တွေပဲ ကျူးလွန်ခဲ့ပါ​​စေ ​ဂျယ်ယွန်းက    ကာကွယ်​ပေးရန်  ဆုံးဖြတ်ခဲ့ပြီးသား။
ဥပ​ဒေမှမဖြစ်မ​နေကာကွယ်​ပေးပြီး  ကိုယ်​ရေးကိုယ်တာ အပြစ်​တွေကို  ​​​ဆေး​ကြောခိုင်းရဦးမည်။
​ဆောင်ဟွန်းဟာ  အပြစ်များလွန်းသည့် ​  လူတစ်​ယောက်  ဖြစ်​​နေ​ပေသည့်တိုင်  ဂျယ်ယွန်းဟာ​တော့ ​သွေး​ပေးလို့ ရက်စက်သည်။

Melancholy LakeWhere stories live. Discover now