The Gray:Melancholy
မျက်ရည်တစ်ပေါက်.....
နှလုံးသွေးတစ်စက်.....
စုတ်ချက်ကိုချယ်
မှိုင်းပျပျ မီးခိုးဖျော့ရောင် စွန်းတဲ့
ကြေကွဲခြင်း ကားချပ်ငယ်ရွက်တလူးလူး လှေရယ်
မီးခိုးရောင် သုမုဒ္ဒရာ အလယ်မှာ
လေနှင်ရာ လွင့်ပါတော့။~~~~~~~~~~~~~~~~~~~~~
ဂျယ်ယွန်း အိမ်ထဲသို့ ဝင်လိုက်ပြီ ဆိုရုံဖြင့် တွေ့လိုက်ရသော ဆောင်ဟွန်းကြောင့် မလုံမလဲစွာ မျက်နှာလွှဲမိသည်။
စိတ်ပျော်ရွှင်နေပုံရသည့် ကောင်ငယ်လေးကတော့ ဂျယ်ယွန်းအား ငေးရင်း ပြုံးယောင်ယောင်လေးဖြစ်နေ၏။
ခက်ထန်မာကျောသည်ဟူသော သတင်းဖြင့် ကျော်စောသည့် ပတ်ခ်ဆောင်ဟွန်းသည် ဂျယ်ယွန်တစ်ယောက်ရှေ့တွင်တော့ သူ၏ တံတိုင်းမှန်သမျှအား ဖြိုချထားပုံပင်။
နီးကပ်လာခဲ့သည့် အချိန်တွေအတွင် ဆောင်ဟွန်း၏ ပျော့ကွက်အား ရှာ၍ ထိုးနှက်ရလို့ အောင်ပွဲခံရန်မှာ သူ၏ အကြံအစည် ဖြစ်ပေမယ့် ထိုအရာမှာ နှလုံးသား တစ်စုံ ဖြစ်နေခဲ့ရင် ဆိုသည့်အကြောင်း သူတစ်ခါမှ မတွေးခဲ့။
ဆောင်ဟွန်း ပြိုလဲသွားမည့် မြင်ကွင်းအား ညတိုင်း မြင်ယောင်ကြည့်ကာ ကျေနပ်ခဲ့ဖူးပေမယ့် အခုလို အပြစ်မရှိသယောင် ပြုံးပြနေပြန်တော့လည်း ရင်ထဲတွင်တော့ အောင့်သက်သက်။
တကယ်ကိုဆောင်ဟွန်း က သူတောင်မပိုင်သည့် နှလုံးသားအပေါ် ပိုင်စိုးပိုင်နင်း ဆန်လွန်းတာပဲ။"ကော်ဖီ သောက်မလား"
လေထုအား ထိုးဖောက်လာသည့် ဆောင်ဟွန်း၏ အသံ။
ခေါင်းငြိမ့်ပြလိုက်တော့ အိမ်အကူတစ်ယောက်ယောက်ကို အကူအညီတောင်းလိမ့်မည်ဟု ထင်မိပေမယ့် ကိုယ်တိုင် အနောက်ထဲသို့ ဝင်သွားသည့် ဆောင်ဟွန်းကြောင့် ဂျယ်ယွန်းမှာ အံအားတသင့်။
တဆက်တည်းမှာပင် တင်းကျပ်နေသော ရင်ထဲမှ သက်သောင့်သက်သာ မဖြစ်။
သွေးကြွေးသာ ဆပ်စေလိုတဲ့ သည်ကစားပွဲမှာ ရင်းလိုက်ရသည်က နှလုံးသားတို့မှန်း ဘယ်သိခဲ့ပါ့မလဲ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette