Unicode
Swan Emblem
'လှည့်ဖျားမှုကျော့ကွင်းရဲ့ အမှတ်အသား
အမှန်တရား အတွက် သဲလွန်စ၊
ဒီရေနဲ့အတူ အထွတ်အထိပ်ရောက်လာတဲ့ လောဘစိတ္တ။
ဒုစရိုက် သရဖူကို ဆောင်းထားရင်း
သစ္စာတရား အပျက်အစီးတွေဟာ ခြေနင်း ကတ္တီပါ။'~~~~~~~~~~~~~~~~~
တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လို့ တံခါးချပ်အား တွန်းဖွင့်လိုက်သည်နှင့် အမှောင်ထုအား မျက်နှာချင်းဆိုင်မိ၏။
ဖုန်နံ့တို့ ကြီးစိုးသည့် အခန်းတွင်းလေထုကြောင့် နှာခေါင်းအား အလိုအလျောက် ပိတ်ထားလိုက်မိသည်။
မဲမှောင်နေသည့် ဝန်ကျင်းအား အနီး၌ ရှိသော မီးခလုတ်ကို ဖွင့်လိုက်ပြီး မှောင်မဲနေသော ဝန်ကျင်းအား ပျောက်ကွယ်စေလိုက်သည်။
မီးရောင်အောက်တွင် ထင်ရှားစွာ ပေါ်လွင်လာသည့် အရှုပ်အပွများ။
ပျက်စီးဟောင်းနွမ်း ပစ္စည်းများကို တစ်နေရာထဲ စုပြုံ၍ ပစ်ထားသလို ဖရိုဖရဲ ဖြစ်နေသည့် အခန်းကျဥ်းလေးမှာ ခြေချစရာ နေရာလွတ်များများစားစား မရှိ။
ပြန့်ကျဲ့နေသည့် အပိုင်းအစများကို ဖယ်ရှားနေရင်း အိမ်တော်ရှိ များပြားသည့် အိမ်အကူများက ဤ အခန်းအား အဘယ်ကြောင့် များ သန့်ရှင်း မလုပ်ရသည်ကို ဂျေး တွေးနေမိသည်။
များပြားလှသည့် ပစ္စည်းတို့အား မိမိတစ်ယောက်တည်းအားဖြင့် ရှင်းလင်းနေလျှင် အချိန်များစွာ ကုန်သွားမည်မှာ ကျိန်းသေပေါက်မလို့ အကူအညီ သွားတောင်းရန် အပြင်သို့ ပြန်အထွက် ခပ်မာမာ ဝတ္ထုလေးတစ်ခုသည် သူ၏ခြေထောက်အောက်တွင် နေရာယူထားသည်။
စူးစမ်းလို စိတ်အပြည့်ဖြင့် ကောက်ကိုင်လိုက်သော စာအုပ်သဏ္ဍန် လေးထောင့် အရာလေးဟာ အတော့်ကိုမှ ဟောင်းနွမ်းနေသည်။
ကာလကြာစွာ ပစ်ထားသည်မလို့ ဖုံမှုန့်အချို့ဟာ ဖုံးလွှမ်းသော စာအုပ်အဖုံးအား ဖွင့်လိုက်သည်ဆိုရုံဖြင့် ဂျေး လက်ထဲက အရာသည် စာအုပ်တစ်အုပ်မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။
ဓါတ်ပုံအချို့အား သိမ်းဆည်းထားသော ဓါတ်ပုံ အယ်ဘမ်လေး တစ်ခု။
ဝါကျင် ဟောင်းနွမ်းသည့် ဓါတ်ပုံ အများစုဟာ ရှုခင်းပုံနှင့် ဥက္ကဠပတ်ခ်ငယ်စဥ်က ရိုက်ထားသည့် စုပေါင်း ဓါတ်ပုံများသာ။
တစ်ပုံချင်း လိုက်လံကြည့်ရှုနေရင်း တစ်နေရာ အရောက်တွင် ဂျေး၏ လှုပ်ရှားမှုတို့ဟာ ရပ်တန့်သွားပြီး တောက်ပြောင်နေသော မျက်လုံးတို့မှုတစ်ဆင့် ဇဝေဇဝါ ဖြစ်ခြင်းတို့ ပြည့်လျှံလာရသည်။
ဒီဓါတ်ပုံထဲတွင် လူရွယ်နှစ်ယောက်နှင့်အတူ တစ်နှစ်သား အရွယ် ကလေးတစ်ယောက်အား ချီပိုးထားသော အမျိုးသမီးတစ်ယောက်။
သုံးယောက်လုံးဟာ အလွန်မှ ပျော်နေဟန်ရှိသည်။
ဓါတ်ပုံထဲမှ လူနှစ်ယောက်ဟာ ဥက္ကဠပတ်ခ်နှင့် အိမ်တော်ထိန်းမင် ဖြစ်ကြောင်း သူ သိပေမယ့် ထို အမျိုးသမီးအား သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ကလေးငယ်အား တင်းကျပ်စွာ ထွေးပွေ့ထားရင်း နမ်းရှိုက်နေသည့် ထိုအမျိုးသမီးဟာ ဘဲလေးဂါဝန်တစ်စုံကိုလည်း လှပစွာ ဝတ်ဆင်ထားသေးသည်။
သူမ၏ မိတ်ကပ်နှင့် ဆံပင် အပြင်အဆင်မှာ ကပွဲကသည့် အပြင်အဆင်အတိုင်းဖြစ်နေသည်မလို့ ကပွဲတစ်ခု အပြီးတွင် အမှတ်တရရိုက်ထားသော ပုံတစ်ပုံဖြစ်နိုင်သည်။
ဂျေးဓါတ်ပုံအား အတန်ကြာသည် အထိ စိုက်ကြည့်နေရင်း ဓါတ်ပုံ၏ အနောက်အား စစ်ဆေးကြည့်သောအခါ ဓါတ်ပုံ၏ နောက်ဘက်တွင် ရက်စွဲတစ်ခုနဲ့အတူ ငန်းပုံသဏ္ဍန် အမှတ်အသားတစ်ခုက နေရာယူထားသည်။
ထင်ရှားနေသည့် ယင်း ငန်းပုံစံ အမှတ်အသားအား လက်ဖျားဖြင့် ခပ်ဖွဖွ ပွတ်ဆွဲကြည့်နေရင်း ဂျေးစိတ်ထဲ အလိုမကျ။
ယခင်က ဓါတ်ပုံထဲမှ အမျိုးသမီး အကြောင်းအား သူတစ်ခုမှ မကြားဖူးသည်မလို့ ဇနိုးဇနောက်ဖြစ်သွားသော အာရုံခံစားမှုနဲ့အတူ တစ်စုံတစ်ရာအား နက်နက်နဲနဲတွေးနေပေမယ့် ဗလာကျင်းနေသည့် ဦးနှောက်က မျက်နှာသာမပေးပေ။
စဥ်းစားနေရင် အရှေ့ဘက်မှ ဝိုင်းဒိုင်းကျဲနေသော အသံတို့ကြောင့် ထိုဓါတ်ပုံအား အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ရင်း ရှေ့သို့ အမြန်ထွက်လာခဲ့သည်။
အရှေ့သို့ ရောက်ရောက်ချင်း အိမ်ပြန်ရောက်နှင့် နေပြီ ဖြစ်သည့် ဆောင်ဟွန်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေခဲ့သည်။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette