Unicode
Last Dance
' နာကျင်မှုဆေးပုလင်းငယ်ကို အသုံးပြုလို့ အကြောက်တရားတွေကို သုတ်သင်ဖို့ ကြိုးပမ်းကြည့်တယ်။
ပျော်ရွှင်စရာ အဆုံးသတ်ဆိုတဲ့ မင်းရဲ့ အလိမ်အညာ စကားကို နုံအတဲ့ ငါ့ နှလုံးသားက ဆင်ခြင်တုံတရားမဲ့ ခဲ့သတဲ့။
တကယ်တော့ အချစ်ရဲ့အဆုံးသတ်ဟာသေဆုံးခြင်းဖြစ်တယ်။
ဆက်လျှောက်မိနေတဲ့ လမ်းအဆုံးမှာ Beethoven ရဲ့ Für Elise တေးသွားလေးကို လွမ်းဆွတ်လိုက်တာ။
ရေအိုင်နံဘေး လရောင်အောက်မှာ ရူးရူးနမ်းနမ်း ကနေမယ့် ငါ့ကိုယ်ငါ ပြန်မြင်ယောင်မိပါရဲ့။
စန္ဒယား ပညာရှင်တစ်ယောက်ရဲ့ ပြေးလွှားနေမယ့် လက်ချောင်းတွေလို en-point ဆင်မြန်းထားတဲ့ ငါ့ခြေထောက်တွေဟာ ကျက်သရေရှိရှိ သွက်လက်စွာ လှုပ်ခတ်နေမယ်။
ဒီနေ့အတွက်တော့ ငါက Odette ပဲ။
နောက်ဆုံးထွက်သက်ကို ရှူရှိုက်လို့ ရေကန်အတွင်း ခုန်ချတိုးဝင်လိုက်တဲ့အခါ
သူမ ဝိဥာဥ်နဲ့ ချစ်ခြင်းတရားတွေ လရောင်အောက် ပျံသန်းသွားသည် မြင်ရမှာပါ။'~~~~~~~~~~~~~~~
နေကျချိန်ဖြစ်နေတာကြောင့် တစ်ဆင့်ချင်း နိမ့်သက်ဆင်းလာတဲ့ နေရောင်ခြည်ရဲ့ မျက်နှာလိုက်မှုဟာ လိုက်ကာစတို့ကို ဖောက်ထွင်းလို့ ဆန့်ကျင်ဘက်နံရံပေါ်တွင် ရွေ့လျားနေသည့် လှုပ်ရှားမှုအချို့အား အရိပ်အဖြစ် အသက်သွင်းသည်။
မြင့်မားသည့် ဖိုင်အစုလိုက်အထပ်လိုက် နှစ်ခုကြားတွင် မငြီးမငွေ့ထိုင်နေသော ထိုလူသားသည် တစ်စုံတစ်ရာအပေါ် ရာနှုန်းပြည့်သော အာရုံစူးစိုက်မှုတို့ကို ပို့ဆောင်ထားပြီး တစ်ခါတစ်ရံ ထောက်ခံသယောင် ခေါင်းငြိမ့်ပြတတ်သလို တစ်ခါတစ်ရံမှာ ဆန့်ကျင်သယောင် ခေါင်းကို ခါရမ်းပြနေတတ်သည်။
နေရာအနှံ့ စာအုပ်တွေနဲ့ ပြည့်နှက်နေသည့် ထိုအခန်းငယ်၏ အသွင်အပြင်ကြောင့် အနည်းငယ် ပွယောင်ယောင် ဖြစ်နေပေမယ့် နေရာတကျရှိတဲ့ ပစ္စည်းတွေကြောင့် သန့်ရှင်းသပ်ရပ်မှုရှိတာကိုတော့ ဝန်ခံရပေလိမ့်မည်။'ဒေါက် ဒေါက်'
အသိပေးရုံ တံခါးခေါက်သံဟာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရလိုက်ခင်မှာ တံခါးချပ်ဟာ ဖွင့်ဟ သွားခဲ့ပြီ။
ခြေသံပြင်းပြင်နဲ့ အခန်းအတွင်းသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားခဲ့ပေမယ့် အခန်းပိုင်ရှင်ရဲ့ စောင်းငှဲ့ကြည့်လို့ အသိအမှတ် ပြုခြင်းကိုတောင် မခံရသေးချေ။
အနီးဆုံးအဖြစ် စားပွဲနားထိ တိုးကပ်သွားလိုက်ချိန်မှာ ထိုလူဟာ ဖတ်လက်စ စာအုပ်အား နောက်တစ်မျက်နှာသို့ တိုက်ဆိုင်စွာ လှန်လိုက်သည်။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette