Unicode
Taste of Tear
ဒေါမနသ....
အပူတပြင်း ဝေဒနာတို့က အရင်းခံတယ်။
မည်းမှောင်နေသော တိမ်သားတွေ ၊
ခနအကြာမှာ
ငါ့မျက်နှာပေါ် ရွာသွန်းလိုက်တဲ့ မိုးစက်တွေက မျက်ရည်တွေကို သန့်စင်ပေးဖို့ ကြိုးစားနေပုံပင်။
ရူးသွပ်မှုကို ပြသဖို့ ငါဟာ မိုးရေတွေထဲ ရပ်နေခဲ့တာ နာရီတွေသာ ကုန်ဆုံးခဲ့တယ်။
မိုးခြိမ်းသံတွေကြား ငါ့ရဲ့ သွေးသားဟာ တစ်ယောက်တည်း ကြောက်လန့်နေလေမလား ဆိုတဲ့ အတွေးက ငါ့ကို တစစီ ဆုတ်ဖြဲလို့။
မျက်ရည်၏ အရသာ
နှလုံးသွေးကို စတေးရသော ဝေဒနာနှင့် ညီ၏။~~~~~~~~~~~~~~~~~~~~
ဆောင်ဟွန်း၏ အခန်း တံခါးကို စောစောစီးစီး ခေါက်လို့ မနက်စာ အသင့်ဖြစ်ပြီ ဖြစ်ကြောင်း အသိပေးလာသည့် အိမ်တော်ထိန်း မင်၏ မျက်နှာက အရင်နေ့တွေကထက် ပို၍ ပြုံးရွှင်နေပုံပေါ်နေသည်။
ပါးပေါ်ရှိ အရည်အကြောင်းများ တွန့်ခေါက်နေသည်အထိ တပြုံးပြုံး ဖြစ်နေသည့် အိမ်တော်ထိန်းကြီးကြောင့် ဆောင်ဟွန်းက သင်္ကာမကင်း ကြည့်နေမိသည်။"ဝမ်းသာစရာ ကိစ္စတစ်ခုခုများ ရှိနေတာလား"
မနေ့ညက အိပ်ရေးပျက်ထားတာကြောင့် မှန်ကုပ်ကုပ်ဖြင့် ကုတင်ပေါ် ထိုင်နေရင်း မေးမိတော့
စိတ်လိုလက်ရ ဆောင်ဟွန်းဝတ်မည့် အဝတ်အစားများအား ရွေးချယ်ပေးနေသည့် အိမ်တော်ထိန်းကြီးက ဆောင်ဟွန်းအနီးသို့ လျှောက်လာသည်။" ဒီနေ့ ရာသီဥတုလေးက ကောင်းတော့ ဒီအရောင်လေးနဲ့ လိုက်လောက်တယ်။
သခင်လေး အဝတ်လဲပြီး သွားရင် ဆင်းလာခဲ့ပါ ။
မနက်စာ အသင့်ဖြစ်ပါပြီ။"အရင်နေ့တွေကနဲ့ မတူညီစွာ သာလွန်သော အပြုံးတို့ဖြင့် အခန်းအပြင်ပြန်ထွက်သွားသည့် အိမ်တော်ထိန်းကြီးကြောင့် ဆောင်ဟွန်း နဝေတိမ်တောင် ကြောင်ငေးနေရာမှ အခန်းပြတင်းတံခါး ထံတွင် ခိုတွဲနေဆဲဖြစ်သည့် မိုးပေါက်များကို တဆက်တည်း
ကြည့်လိုက်ရင်း ဤ မူမမှန်အပေါ် မနှစ်မြို့စွာ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette