Velvet ArcII

174 27 0
                                    


နားထဲမှာ   နာနာကျင်ကျင်  ငြီးငြူသံ​တွေ အဆက်အပြတ်ကြား​နေရတယ်။
သူမအား  ​မျက်လုံး​ပေါင်းများစွာက စိုက်ကြည့်​နေသလို ခံစားရတာ​ကြောင့်   ကိုယ့်ကို ကျုံ့နိုင်သ​လောက်ကျုံ့ထားလိုက်တယ်။
စိတ်ပိုင်းဆိုင်ရာ  မတည်ငြိမ်​သေးသည့်  လုချီမှာ  ဒီရက်ပိုင်းအတွင်း စတူဒီယို​တောင် မသွားဖြစ်။
သူမလက်ထဲ ဆုပ်ကိုင်ထားသည့်    ဓါတ်ပုံ​တွေကို  မ​ရေတွက်နိုင်​သော  အကြိမ်​မြောက်    အဖြစ်  ပြန်ကြည့်သည်။
ဓါတ်ပုံထဲတွင်  ဘယ်နှခါပြန်ကြည့်ကြည့်  ထင်ရှား​နေ​သော  သူမ ပုံရိပ်​ကြောင့်   ​​အံကို  တင်းတင်းကြိတ်ရင်း   ​ချေမွပစ်လိုက်​၏။
ဖြေဆည်မရစွာ  သူမ   အာ​ခေါင်ခြစ်၍​​အော်လိုက်​တော့    စားပွဲခုံ​အောက်  ဝင်အိပ်​နေ​သော  ​ကြောင်​လေးက  အလန့်တကြား  ထွက်​ပြေးသွားသည်။
အ​မှောင်ချထား​သော  အခန်းတစ်ခု၏ ​ထောင့်တွင်  သူမဟာ  စိတ္တဇ ​ဝေဒနာသည်  တစ်​ယောက်လို  ကုတ်ခြစ်၍  တွားသွား​နေခဲ့သည်။
​ကောင်းမွန်စွာ အိပ်စက်ထားခြင်းမရှိ​​သော  သူမ၏  မျက်ဝန်းတို့ဟာ ရဲ​တောက်​နေ၏။
​ချိုင့်ဝင်​နေသည့်  မျက်တွင်း​တွေ  ဂဏာမငြိမ်သည့်  မျက်စံနက်တို့အရ သူမဟာ ချွတ်ချုံကျ​​သော  သဏ္ဍာန်။

"​မှားသွားပါတယ်။
မှားသွားပါတယ်"

​ငြီးငြူသံ​တွေပဲ ပဲ့တင်ထပ်​နေသည့်  သူမ၏ နားကို  ခပ်နာနာ ထုပစ်လို့  ​ငိုယို​အော်ဟစ်  ​​တောင်းပန်​နေမိသည်။
စိတ်တည်ငြိမ်​စေရန် အလို့ငှာ  အဖန်ဖန်  ကုတ်ခြစ်ထားသည့်  လက်ဖမိုးများမှာ  သွားစို့လို့​နေသည်။
သူမ၏ ​ခြေ​ထောက်နားတွင်  လုံး​ထွေး​နေ​သော စက္ကူရွက်အား  ပြန်ဖြန့်ကြည့်လိုက်​တော့   ငန်းသဏ္ဍာန်ထွင်းထားသည့်  စာရွက်ပိုင်း။

"အ​​ဖြေရှာကြည့်ရမှာ​ပေါ့။
ငါက ဘာလို့  ဒီမှာ  တိရိစ္ဆာန်​ကောင်လို  ငြီးတွား​နေရမှာလဲ!!!"

​နေ့​နေ့ညည ​အော်ဟစ်​နေသည့်  သူမ​ကြောင့်   ​ဘေးအိမ်များက  စိတ်ညစ်ညူးစွာ  နံရံကို  တဗုန်းဗုန်း  ထုသည်။
ဂရုစိုက်မ​နေပဲ     အ​ပေါ်ရုံကုတ်နှင့်အတူ ပုံးထဲမှ  ထီးကိုပါ    ဆွဲယူလိုက်လို့  တိုက်ခန်းအပြင်ဘက် ​​​ခြေတုံ​ခြေချ  ထွက်လာသည်။ဓါတ်ပုံများနှင့်စာရွက်အား   ဆုပ်ကိုင်ထားသည့်  သူမလက်များဟာ  အဆမတန်  တုန်ရင်​နေခဲ့၏။

Melancholy LakeWhere stories live. Discover now