Hidden:Masked Boy

195 26 4
                                    

Hidden:Masked Boy

"   ​​ဆောင်ဟွန်းဟာ  ​ဂျယ်ယွန်းအတွက် သူ၏ မျက်နှာဖုံးအား  ချွတ်ခဲ့ချိန်မှာ  ​ဂျယ်ယွန်းက​တော့ သူ၏      မျက်ဖုံးလှလှ​​လေး​အောက်  ​ဆောင်ဟွန်းအား  တစ်စဆီ ဖျက်စီးသွားခဲ့ပြီ။"

~~~~~~~~~~~~~~~~~~~~~~

ဖန်ခွက်နှုတ်ခမ်းပါးမှ တစ်ဆင့်  လျှံကျလာသည့် ​ရေများ​သည်    ​ဆောင်ဟွန်း၏  အင်္ကျီလက်အနား​စတွင် စခန်းချလို့   ​ရေ​ပေါက်ငယ်​​လေးများ အဖြစ်  ရီး​လေးခို​နေသည်။
​များစွာ​သော  ​ရေများဖိတ်စင်​နေခြင်းကြောင့်    ​ရေသန့်စက်မှ   အလိုအ​လျောက်   အချက်​ပေး​နေသည့်တိုင်  ​ဆောင်ဟွန်း၏  ပြန့်ကျဲ​နေ​သော  အာရုံတို့မှာ   ​ပေါင်းစည်းခြင်းမရှိ။
​​​ကြောင်​ငေးမိ​သော အကြည့်တို့မှာ ​ရောက်တတ်ရာရာ။
က​ယောင်ကတမ်း သူ၏ ​ကျောပြင်အား  စမ်းမိ​တော့  ရွှဲနစ်​နေ​သော ​ချွေးတို့။

"မဟုတ်​လောက်ပါဘူး။
အိမ်မက်တစ်ခုပဲဟာ။
​ဂျယ်ယွန်းက​​တော့.....မဟုတ်​လောက်ပါဘူး"

မျက်လုံးကို စုံမှိတ်  ​ခေါင်း​တွေကို ခါရမ်းပစ်ရင်း   သံသယ​နယ်​မြေအတွင်းသို့  ​ခြေကျွံစပြု​နေ​သော  အ​တွေးတို့အား  ​ဖြောင်းဖျရပြန်သည်​။
​မှောင်မဲ​နေ​သော အခန်းကျယ်။
သန်း​ခေါင်​ကျော်​နေ​​သော   ထိုည။
မိမိ​ကျောပြင်တွင် စိုက်ဝင်​​နေ​သော  ဓါးတစ်လက်အား  ပြန်မြင်​ယောင်မိတိုင်း   နွေကန္တာရ၏    ခရီးသည်လို၊

နှစ်​ပေါင်းများစွာ    အထီးကျန်ခဲ့ရသည့် သူ့အတွက်   ပထမဆုံးအ​နေဖြင့်  ငါ တစ်​​ယောက်တည်းမဟုတ်ပါလားဟု  အ​တွေးမျိုး​တွေးမိ​စေခဲ့  သူမှာ  ​​  ဂျယ်ယွန်းပင်။
ရာဇဝတ်သားပါလို့ အများစု  သမုတ်​နေကြစဥ်     ကမ်းလက်တစ်စုံလှမ်းလို့   သူ၏  ယုံကြည်ချက်အား  အပ်နှင်းခဲ့​သော ထို​ယောက်ျားအား   ​ဆောင်ဟွန်း   တိမ်းညွတ်မိခြင်းမရှိဟုဆိုလျှင်  လိမ်ရာကျ​ပေလိမ့်မည်။
အ​ခေါက်​ပေါင်းများစွာ  တွန်းထုတ်ခဲ့​​ပေမယ့်  ၊
သံသယအဆိပ်ကိုသာ    အကြိမ်ကြိမ်သွန်း​လောင်းလို့ မိမိနှလုံသားအား   ပျိုး​ထောင်ခဲ့​ပေမယ့်
​မေတ္တာမရခဲ့ဖူးသည့်    ​​ဆောင်ဟွန်း၏ ​ပျော့ကွက်ဟုသာ  အပြစ်ဖို့ပါ​တော့  ။

Melancholy LakeWhere stories live. Discover now