Vandalism
ဖျက်စီးပစ်ရတော့မယ်။
ခင်များ ပိုင်ဆိုင်မှုအဖြစ် အဆုံးထိရှိနေမယ့် ကျွန်တော့်နှလုံးသားကို အခု ကျွန်တော် ကိုယ်တိုင် ဖျက်စီးပစ်ရတော့မယ်။
ခင်များ မြတ်နိုးခြင်းမှန်သမျှကို ဖျက်စီးပစ်မယ်လို့ ကတိပေးခဲ့သလိုပေါ့။~~~~~~~~~~~~~~~~
ဖုန်းထဲက မုယွမ်ပြောပြသည့် အကြောင်းအရာတွေပြီးအောင်တောင်မစောင့်၊
ချက်ချင်း သူမရှိရာသို့ လာမည်ဟု ဆိုလာသည့် ဂျယ်ယွန်း၏ အသည်းအသန်တုံ့ပြန်မှုဟာ မုယွမ် ခန့်မှန်းထားသည့် အတိုင်းပင်။
ပြောလက်စဖုန်းကို ချလိုက်လို့ ဂျယ်ယွန်းရောက်လာမည့် အချိန်ကို စောင့်ရင်း သူမရှေ့က ရနံ့သင်းသင်းထနေသည့် ကော်ဖီကို တစ်ငုံသောက်လိုက်တော့မှ ထိုင်းမှိုင်းနေသည့် အာရုံကြောတို့ဟာ ပြန်ပွင့်လာသည်။
မနက်က သူမနှင့်ပင်းပြောခဲ့ကြသည့် အကြောင်းအရာများကို ပြန်တွေးမိတော့ ဘယ်နှကြိမ်မြောက်မှန်း မသိသော သက်ပြင်းကို ချမိ၏။
ခံစားတွေ ယခုတိုင်ရှိနေသည့် ရည်းစားဟောင်းဟာ ရုတ်တရက်ဆန်ဆန် တွေ့လိုက်ရခြင်းက သူမအား ဆောက်တည်ရာမရသည်အထိ ထိတ်လန့်စေသလို ၊
မျှော်လင့်မထားစွာ သူမသိလိုက်ရသည့် အကြောင်းအရာတို့က ပို၍ပင် ထိတ်လန့်စရာကောင်းလှသည်။
လေဟာနယ်ထက် တငွေ့ငွေ့ ပျောက်ကွယ်သွားကြသော ကော်ဖီငွေ့တို့ ငေးကြည့်နေရင်း သူမ၏ အတွေးများဟာ လွန်ခဲ့သော နာရီ အနည်းငယ်စီသို့။Flash back
အမှုဖိုင်တွဲတွေထက် စုပြုံလ်ို့ ပုံအပ်ထားသည့် မုယွမ်၏ အာရုံများဟာ ရုတ်တရက်ထမြည်လာသည့် ဖုန်းကြောင့် ပြန့်ကျဲသွားသည်။
စိတ်မရှည်စွာ ကျစ် တစ်ချက်သပ်လို့ ဖုန်းအား ယူကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ထက် နေရာယူထားသည့် နာမည်လေးကြောင့် တိတ်ဆိတ်သွားရသည်။*ပင်း*
ဖုန်းအားလက်ခံလိုက်သည်နှင့် တပြိုင်နက် ရင်ထဲ တလှိုက်လှိုက်ဆန်တတ်လာတဲ့ ဝမ်းနည်းစိတ်ကြောင့် ဖြေကြားလိုက်သည့် သူမအသံမှာ တုန်ယင်မနေဖို့ ရုန်းကန်ရပြန်သည်။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette