Bliss
တားမြစ်ထားတဲ့ အနုပညာ
ထပ်တူကျသွားတဲ့ တစ်ခန
နူးညံ့ခြင်းကြောင့် အသိလွတ်မတတ်
မက်မောလိုက်ရတာများ ဘဝကို စတေးချင်စရာ"ကောင်းကင်ဘုံ၌ မိနစ်ပိုင်း"
~~~~~~~~~~~~~~~~
သားငယ်၏ အခန်းထဲမှ ထွက်လာပြီးနောက် လှေကားထစ်တို့အား ဖြေးညှင်းစွာ ဆင်းသက်နေသည့် မင်ရှို့၏ ခြေလှမ်းတို့မှာ တယိမ်းတယိုင်။
မနေ့ညက ပြင်းထန်သော အဖျားကြောင့် သူ၏ ခန္ဓာကိုယ်မှ အားပြတ်နေသလို ရင်ထဲ၌လည်း တနုန့်နုန့်။
အရာရာတွင် ပျော့ညံ့လွန်းသည့် ထိုကလေးသည် ယခုလည်း ကျိန်းသေပေါက် အငိုသည်းနေမည်ကိုသာ တွေးတော့ သောကပိုရပြန်သည်။
ဆန္ဒအတိုင်းသာဆို ရင်ခွင်ထဲ ပိုက်ထွေးလို့ ချော့မြှူလိုက်ချင်ပေမယ့် သူ၌ ထိုသို့သော အခွင့်အရေးမျိုးမရှိ။
သူ၏ အတ္တများကြောင့် သူသည် ဘဝတစ်လျှောက်လုံး တစ်ခါမျှ သူ၏ သွေးသားအပေါ် ကြင်နာဖို့ အချိန်မရှိခဲ့ပေ။
အရေပြားပေါ်က ကပ်ပါးတစ်ကောင်လို ကပ်တွယ်နေရင်း၊
ကြီးမားတဲ့ သူ့၏ လှည့်ကွက်တွေထဲ သူပါ နစ်မွန်းနေရင်း သူဟာ 'မေတ္တာ' ဆိုသည့် အရာအား မေ့လုနီးနီး။
မင်ရှိူ့ ....
သူဟာ လူအများကြီးအား ထိခိုက်စေခဲ့ပေမယ့်
သူ့လုပ်ရပ်များဟာ ထပ်ထလဲလဲ မှားယွင်းနေပေမယ့်
ခေါင်းမာနေဆဲ .....
လောကကြီးအား ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေသည်ကိုမှ လူမှန်နေရာမှန်ပါဟု ငြင်းဆိုနေဆဲ။တုန်ချီနေသော ခန္ဓာကိုယ်ကြောင့် မိမိ အခန်းအား ပြန်နားရန် ဆုံးဖြတ်ထားပေမယ့် မနီးမဝေးရှိသော အခန်းဆီမှ အသံတစ်သံအား နားစွန်နားဖျား ကြားလိုက်ရ၏။
စိုးထိတ်သွားသော အသိနှင့်အတူ လက်ကျန် ရှိသမျှသော အားတို့ကို စုရုံးလို့ ဦးတည်ရာက သူတစ်ယောက်သာ သိသော ငရဲခန်းသို့။
စိုးရိမ်ပူပန်တကြီးဖြင့် သူ၏ ခြေလှမ်းများအား အားသွန်ခွန်စိုက် အရှိန်တင်ပေမယ့် သန်မာမှု မရှိသော ခြေထောက်တို့ကြောင့် အားမလိုအားမရရုံသာ အဖက်တင်သည်။
တရိပ်ရိပ်ပူနေသော သူ၏ ခန္ဓာကိုယ်မှာ စိုးရိမ်းစိတ်ကြောင့်လော အဖျားသွေးကြောင့်လော မသဲကွဲ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette