Unicode
ကုမ္ပဏီ ထဲသို့ တုံ့ဆိုင်းစွာ ဝင်ရောက်လာသည့် လုချီရဲ့ ကတုန်ကယင် ဟန်ပန်က အလုံစုံသောတို့၏ အာရုံကို ဖမ်းယူနိုင်လိုက်သည့် ပုံပင်။
ဟိုတစ်စု သည်တစ်စု တီးတိုးသော ကဲ့ရဲ့ပြစ်တင်သံတို့ဟာ များလှသည့် လူအင်အားကြောင့် သိပ်မတိုးသဲ့လှ။
အကြည့် ဖြင့်ဝေဖန်သော စွဲချက်တို့ကြား လုချီဟာ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိပါပဲ နှုတ်ဖျားက တရားခံ။
အပြစ်ကင်းကြောင်း သက်သေပြနိုင်ရန်သာ စိတ်ရောကိုယ်ပါ တွန်းအားပေးနေပါသော်လည်း လက်တွေ့တွင်တော့ မှန်သည် မှားသည် ဖြစ်စေ ငြင်းဆန်လိုသော ခွန်အားမျိုး မရှိ။
ချို့တဲ့သည့် မိသားစုမှ ပေါက်ဖွားလာသည့် သူမနှင့် သည် နိုင်ငံ၏ ယိုယွင်းနေသော တရားဥပဒေ ။
ရိုးသားမှု မရိုးသားမှုဟာ အကျုံးမဝင်တော့ပဲ ကျောထောက်နောက်ခံတစ်ခုတည်းဖြင့် ပြောင်းလဲနိုင်သည့် ငွေကြေးဖြင့် သတ်မှတ်သော ကိုယ်ကျင့်တရား။
ပြန့်ကျဲနေသည့် အတွေးတို့ကြောင့်လား မတရားသည့် လောကကြီးအပေါ် စက်ဆုတ်မှုကြောင့်လားမသိ။
ကွေးညွတ်သွားရသည့် လုချီ၏ နှုတ်ခမ်းစွန်းဟာ နှစ်မြို့မှုကြောင့်တော့ မဖြစ်နိုင်။
ချီတုံချီချ ခြေလှမ်းတွေကို အဆုံးသတ်ဖို့ အချိန်ကိုက် ပွင့်ဟလာသည့် ဓါတ်လှေကား အတွင်းသို့ ဝင်ကာ နေရာယူသည်။
ဝန်ထမ်းရေးရာ ဌာနရှိရာ အလွှာကို ရွေးနှိပ်လိုက်ပြီးပြီးချင်း စို့နစ်လာသော ရင်အစုံကြောင့် နံရံထံ ကိုယ်ကို မှီလျော့လို့ တုန်လှုပ်မှုအား ဖြေဖျောက်မိသည်။
လက်ရေးမူ နှုတ်ထွက်စာကို တင်းတင်းကျပ်ကျပ်ကိုင်ရင်း မက်မောရသည့် သူမ၏ ဘဲလေး ဘဝဟာ အဆုံးသတ်ရတော့မည် ဖြစ်ကြောင်း ပုံဖော်ကြည့်မိတိုင်း မျက်ရည်ကြည်တစ်ပေါက်က သွက်လက်စွာ ပါးပြင်ပေါ် ဖြတ်ပြေးသည်။
မီးတောက်တစ်ခုမှ လွင့်စင်လာသည့် မီးပွားများစွာဟာ သူမ၏ အရည်ပြားတို့အား လောင်ကျွမ်း ပစ်လိုက်သကဲ့သို့ နာကျင်မှုနှင့် အတူ သူမ၏ ရည်မှန်းချက်တို့ သေဆုံးဖို့ရန် မိနစ်ပိုင်းအလို။
ဝန်ထမ်းရေးရာဌာန အခန်းအတွင်းသို့ ဝင်သွားလိုက်သည်နှင့် မိုင်ကုန်ဖွင့်ထားသည့် အဲရားကွန်းကြောင့် အေးစက်နေသည့် လေထုဟာ ပထမအတွေ့အကြုံ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette