P.S Swan Lake သီချင်းနားထောင်ရင်း ဖတ်ဖို့ လုံးဝ အကြံပြုချင်ပါတယ်
Swan Lake
မင်းဟာ ရေငယ်ကန်
ကြယ်တစ်ပွင့်
လတစ်စင်း။
Ethereal ဂီတ၏ စိတ်ဝိညာဉ်တေးသွား ၊
ရေခဲလွှာ ရစ်သိုင်းထားတဲ့ ငန်းမင်းသမီး ၊
ချစ်ရသည်ထက်ပိုတဲ့ ရင်နင့်သည်းခြာ၊
သေခြင်းတရား၌ သူမ၏အသံသည် လွင်ပြင်သို့ လွင့်လိမ့်မည်။
ဝမ်းနည်းမနေဘဲ ငါ့အတွက် သီချင်းဆိုပေးပါ။
ကျက်သရေရှိတဲ့ ငန်းငယ်
မင်းဟာ ငါရဲ့ နောင်တတွေ ဘယ်တော့မှ ဖြစ်မလာစေတော့ဘူး။By Joanna Garrido 's SWAN
~~~~~~~~~~~~~~~~
လုချီအား အရိပ်အယောင်တောင်လုံးဝ မတွေ့ရသည့် ဒုတိယမြောက်နေ့၊
သို့မဟုတ် ပွဲစရန် 16 နာရီအလို၊
ပုံမှန်အားဖြင့် ပွဲအရမ်းနီးနေသည့် ရက်တွေမှာ အိမ်မှာပဲ အေးဆေး အနားယူခိုင်းတတ်သည့် ထုံးစံရှိပေမယ့် ယခုလို မပြောမဆို ပျောက်သွားသည်အတွက် ဆောင်ဟွန်း စိတ်ထဲ လေးပင်စွာ ပူပန်နေမိသည်။
ထို့ကြောင့် ဝန်းထမ်းရေးရာမှ လုချီ၏ အိမ်လိပ်စာအား တောင်းလိုက်ပြီး ဆောင်ဟွန်း သူမတိုက်ခန်းသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။စာရွက်ပေါ်တွင် ချမှတ်ထားသည့် နံပါတ်များကို တစ်လှည့် တံခါးပေါ်ရှိ နံပါတ်များကို တစ်လှည့်ကြည့်ရင်း သေချာ စစ်ဆေးနေမိသည်။
သူ အခုရောက်နေသည်က ခပ်နွမ်းနွမ်း တိုက်ခန်းတစ်ခုရှေ့၊
ဆေးရောင်ပြယ်နေသော ဘဲလ်အား အခါခါနှိပ်လိုက်လို့ အထဲမှ တုံ့ပြန်မှုအား စောင့်နေလိုက်သည်။
အသံမလုံသော အခန်းကြောင့် ဘဲလ်အသံဟာ တိုက်ခန်း ညအသံဘက်သို့ ပဲ့တင်ထပ်လာ၏။
ထိုအသံ ကြားလိုက်ရသည့် ဘေးအခန်းရှိလူများက ထွက်လာပြီး သူ့အား အထူးအဆန်းသဖွယ် ကြည့်လာကြပေမယ့် မျက်စေ့ရှေ့မှ တံခါးမှာတော့ ငြိမ်သက်နေဆဲ။
ဆောင်ဟွန်း ခေါင်းမာစွာ ဘဲလ်အား အဆက်မပြတ်တီးနေတော့ ဘေးအခန်းမှ အန်တီကြီးက ငြီးငြီးငြူငြူပြောဆိုရင်း သူ့ဘေးသို့ ရောက်လာသည်။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette